• Follow Us on

Home ဆီးရီးယားရှိ အမေရိကန်စစ်စခန်းအတိုက်ခံရပြီး အမေရိကန်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ဆီးရီးယားရှိ အမေရိကန်စစ်စခန်းအတိုက်ခံရပြီး အမေရိကန်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃

 

ဆီးရီးယားနိုင်ငံ အယ်လ်ဘူကာမယ်နဲ့ အယ်လ်မာယာဒင်မြို့တွေမှာ အမေရိကန်က လေကြောင်းက တိုက်ခိုက် ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒိုင်ယာအီဇာနဲ့ အယ်လ်ရှိဒ်ဒါဒီမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို စစ် သွေးကြွတွေက ဒရုန်းတွေ၊ ရော့ကက်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 

ဆီးရီးယားနိုင်ငံ ကိုနီကို သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးနေရာမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းကို ရော့ ကက်/ ဒုံးကျည် ၁၅ စင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း အာရပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

 

အလားတူ ဆီးရီးယားနိုင်ငံ အယ်လ်ရှိဒ်ဒါဒီမှာရှိတဲ့ အမေရိကန်စစ်စခန်းကိုလည်း ဒရုန်းသုံးစင်းနဲ့ တိုက်ခိုက်ခဲ့ ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲမှာ အစ္စရေးအစိုးရကို အမေရိကန်ကထောက်ပံ့နေတာတွေကို လက် တုံ့ပြန်တဲ့အနေနဲ့ အီရတ်တော်လှန်ရေးအုပ်စုတွေကလည်း မကြာသေးခင်ရက်ပိုင်းအတွင်းက အမေရိကန် စစ် စခန်းတွေကို ပစ်မှတ်ထားပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

 

အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ပိုင်း တွေ သေဆုံးသွားပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်တွေ နိုင်ငံတွင်းကထွက်ခွာသွားဖို့တောင်းဆိုမယ့် ဥပဒေတစ် ရပ်ကို အီရတ်လွှတ်တော်က ထောက်ခံအတည်ပြုလိုက်ပါတယ်။

 

Ref: 4 US troops killed after American bases targeted in Syria

 

#PeopleMedia


Share this post