ဆီးရီးယားရှိ အီရန်ဆက်နွယ်တဲ့ လက်နက်သိုလှောင်ရုံကို အမေရိကန်လေကြောင်းက တိုက်ခိုက်
PUBLISHED - November 9, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၉
အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အီရန်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ လက်နက်သိုလှောင်ထားတဲ့နေရာတစ်ခုကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၈ ရက်နေ့) က အမေရိကန်က လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်သြစ တင်က ပြောကြားလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံထဲမှာ နှစ်ပတ်အတွင်း နေရာတစ်ခုကို အမေရိကန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဒုတိယအ ကြိမ်မြောက်ဖြစ်ပြီး အီရန်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ အဲဒီနေရာဟာ အရှေ့အလယ်ပိုင်းဒေသက အမေရိကန် တပ် ဖွဲ့ဝင်တွေကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကို ထောက်ပံ့နေတဲ့နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စစ်စစ်ပွဲကို ဒေသတွင်းစစ်ပွဲတစ်ခုအဖြစ် အသွင်ပြောင်းမသွားစေရန်အ တွက် အီရန်နိုင်ငံနဲ့ အီရန်ရဲ့ကြားခံအဖွဲ့အစည်းတွေကို ဟန့်တားဖို့ အမေရိကန်က ကြိုးစားနေပေမဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေက အမေရိကန်နဲ့ အီရန်ကြားမှာ တင်းမာမှုတွေကို ပိုမိုမြင့်တက် လာစေပါတယ်။
“ဆီးရီးယားအရှေ့ပိုင်းမှာရှိတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့တွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ အသုံးပြုနေ တဲ့ အဆောက်အအုံတစ်ခုကို မိမိကိုယ်မိမိ ကာကွယ်တဲ့အနေနဲ့ အမေရိကန်တပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလက်နက်တိုက်ကို အမေရိကန် F-15 ဂျက်တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။” လို့ သြစ တင်က ပြောပါတယ်။
“ဒီတိကျတဲ့ ခုခံကာကွယ်ရေးတိုက်ခိုက်မှုဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်အဖွဲ့ဝင်တွေ တောက်လျှောက်တိုက်ခိုက်လာခဲ့တာကို လက်တုံ့ ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျွန်တော်တို့ရဲ့ လူ/လက်နက်ခဲ ယမ်း၊ စစ်စခန်းတွေကို ကာကွယ်ဖို့အတွက် နောက်ထပ်လိုအပ်တဲ့တိုက်ခိုက်မှုတွေကို ဆက်လက်ဆောင်ရွက် နိုင်ဖို့အတွက်လည်း အပြည့်အဝ အသင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်ရဲ့ကြားခံအုပ်စုတိုက်ခိုက်ရေးသမား တွေနဲ့ အကြမ်းဖက်စစ်သွေးကြွအုပ်စုတွေက တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့အတွက် အီရန်ထိပ်တန်းခေါင်း ဆောင်တွေကို တိုက်ရိုက်အသိပေးလိုက်တာဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွ ၉ ဦး သေဆုံးခဲ့ တယ်လို့ ဆီးရီးယားစစ်ပွဲကို စောင့်ကြည့်နေတဲ့ ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြော ပါတယ်။
ဒီးယားအက်ဇ်ဇာပြည်နယ်မှာရှိတဲ့ အဲဒီလက်နက်သိုလှောင်ရုံကို အမေရိကန်က တောက်လျှောက်စောင့်ကြည့် နေခဲ့တာဖြစ်ပြီး သင့်တော်တဲ့အချိန်ရောက်မှ အသေအပျောက်အနည်းဆုံးဖြစ်အောင် ရွေးချယ်တိုက်ခိုက်ခဲ့တာ ဖြစ်ပေမဲ့လည်း အသေအပျောက်တချို့ရှိနိုင်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးကပြောပါတယ်။
အမေရိကန်စစ်တပ်က အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်အဖွဲ့တွေသုံးစွဲနေတယ်ဆိုတဲ့ ဆီး ရီးယားနိုင်ငံက အဆောက်အအုံနှစ်ခုကိုလည်း အောက်တိုဘာလ ၂၆ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ အဲဒီ တိုက်ခိုက်မှုကြောင့် အသေအပျောက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒေသတွင်း အိုင်အက်စ်အဖွဲ့ရဲ့သောင်းကျန်းမှုရန်က ကာကွယ်ဖို့ကြိုးပမ်းတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အီရတ် နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၂၅၀၀၊ ဆီးရီးယားနိုင်ငံမှာ အင်အား ၉၀၀ တပ်ဖြန့်ချထားပါတယ်။
Ref: US Strikes Iran-Linked Weapons Storage Site in Syria
#PeopleMedia