• Follow Us on
Latest News

Home ဆီးရီးယားသူပုန်တွေ ဟာမာမြို့အနီးကို ချီတက်လာ

ဆီးရီးယားသူပုန်တွေ ဟာမာမြို့အနီးကို ချီတက်လာ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄

 

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို ပြီးခဲ့တဲ့အပတ်က ဝင်ရောက်သိမ်းပိုက်လိုက်တဲ့အတွက် သမ္မတဘရှားအယ်လ် အာဆတ်ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ဆီးရီးယားသူပုန်အဖွဲ့ဟာ အစိုးရတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ ဟာမာမြို့ကို အင်္ဂါနေ့က ဆက်လက်ချီတက်သွားပါတယ်။

 

သူပုန်အဖွဲ့တွေဟာ မြောက်ပိုင်းမြို့နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ မားရှုအာကျေးရွာအပါအဝင် ကျေးရွာတွေကို သိမ်းပိုက်ထားခဲ့ကြောင်း သူပုန်အဖွဲ့နဲ့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသလို အစိုးရစစ်ကူတပ်ဖွဲ့တွေလည်း အဲဒီနေရာကို ရောက်ရှိတော့မှာဖြစ်ကြောင်း ဆီးရီးယားအစိုးရပိုင်မီဒီယာက ကြေ ညာပါတယ်။

 

ဟာမာမြို့ကို တိုက်ခိုက်လာတာဟာ ရုရှားနဲ့ အီရန် မဟာမိတ်အစိုးရတွေ အတင်းကျားကန်ထောက်ပံ့ပေးနေရ တဲ့ အာဆတ်အတွက် ဖိအားတွေ စုပုံလာတာဖြစ်ပါတယ်။

 

ဟာမာမြို့ဟာ ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ်စတင်ကတည်းက အစိုးရလက်ထဲမှာပဲ ရှိနေတဲ့ မြို့ဖြစ်ပါ တယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ ဆီးရီးယားမှာ “အကြမ်းဖက်ကျူးကျော်တိုက်ခိုက်မှုတွေ” အဆုံးသတ်ဖို့ တိုက်တွန်းပြောကြားလိုက်သလို “ဆီးရီးယားအစိုးရက အကူအညီတောင်းလာခဲ့ရင် အီရန်တပ်ဖွဲ့ဝင်တွေ ဆီး ရီးယားကို စေလွှတ်သွားမယ့်ကိစ္စကို စဉ်းစားမယ်။” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရာချိက အာ ရပ်ဘာသာနဲ့ အင်တာဗျူုးတစ်ခုမှာ ပြောပါတယ်။

 

အီရတ်ဝန်ကြီးချုပ် ရှီယာအယ်လ်ဆူဒါနီကတော့ “အီရတ်အစိုးရဟာ ဆီးရီးယားမှာ ပွဲကြည့်ပရိတ်သတ် သက် သက်မဟုတ်ကြောင်း” ပြောဆိုရင်း သူပုန်အုပ်စုတွေ ဆက်လက်ချီတက်လို့ရအောင် ဆီးရီးယားအစိုးရတပ်ဖွဲ့ တွေကို လေကြောင်းကနေ တိုက်ခိုက်ပေးနေတဲ့ အစ္စရေးကို အပြစ်တင်နေပါတယ်။

 

အာဆတ်အတွက် ဘူးလေးရာ ဖရုံဆင့်ဆိုသလို အမေရိကန်ထောက်ပံ့ထားတဲ့ ကာဒစ်ဦးဆောင်တဲ့ ညွန့်ပေါင်း သူပုန်အဖွဲ့ကလည်း ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဒေသမှာ အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်နေပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်ကတော့ သူပုန်အုပ်စုတွေဟာ စစ်မဖြစ်ခင်က ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့ကို သိမ်းပိုက်လိုက်ကြပါတယ်။

 

အဓိကမဟာမိတ်ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲနဲ့ နပန်းလုံးနေရသလို အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စု တွေကလည်း အစ္စရေးနဲ့ တိုက်ခိုက်နေရတဲ့အတွက် ဆီးရီးယားအစိုးရဟာ ထင်သလောက်ခရီးမပေါက်နိုင်ဖြစ် နေရပါတယ်။

 

အီရန်ထောက်ပံ့ထားတဲ့ အီရတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်အများအပြား ဆီးရီယားအစိုးရဘက်က ကူညီတိုက်ခိုက် ဖို့အတွက် တနင်္လာနေ့က ဆီးရီးယားနိုင်ငံထဲကို ဝင်ရောက်သွားပေမဲ့ ဟစ်ဘိုလာအဖွဲ့ကတော့ ၎င်းတို့တိုက်ခိုက် ရေးသမားတွေကို စေလွှတ်ပေးဖို့ အစီအစဉ်မရှိကြောင်း ပြောပါတယ်။

 

Ref: Syrian rebels advance close to Hama city, piling pressure on Assad and his allies

 

#PeopleMedia


Share this post