ဆီးရီးယားအစိုးရကို ကူညီဖို့ အီရတ်တိုက်ခိုက်ရေးသမားတွေ ဆီးရီယားနိုင်ငံထဲဝင်ရောက်သွားပေမဲ့ ဟစ်ဘိုလာအုပ်စု ပူးပေါင်းပါဝင်ဖို့ အစီအစဉ်မရှိကြောင်း ပြော
PUBLISHED - December 3, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို ပြီးခဲ့တဲ့သီတင်းပတ်က သိမ်းပိုက်ထားတဲ့ သူပုန်အဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်တွေဘက်က ကူညီတိုက်ခိုက်ဖို့အတွက် အီရန်ထောက်ပံ့ထားတဲ့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ဝင်အများ အပြားဟာ ဒီဇင်ဘာ ၂ ရက်နေ့က နယ်စပ်ဖြတ်ကျော်ပြီး ဆီးရီးယားနိုင်ငံထဲကိုဝင်ရောက်သွားကြပေမဲ့ ဟစ်ဘိုလာအ ဖွဲ့ကတော့ ဒီတိုက်ပွဲမှာ ပူး ပေါင်းပါဝင်ဖို့ အစီအစဉ် လုံးဝမရှိကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၁၁ ခုနှစ်က သမ္မတဘရှားအယ်လ်အာဆတ်ကို တော်လှန်ပုန်ကန်တဲ့ ဆီးရီးယားသူပုန်တွေကို တိုက်ခိုက်ရာမှာ ရုရှား ရဲ့လေကြောင်းအကူအညီနဲ့ အီရန်ထောက်ပံ့ထားတဲ့ ဒေသတွင်း စစ်သွေးကြွအုပ်စုတွေဟာ အစိုးရလိုလားတဲ့ တပ်ဖွဲ့တွေ နဲ့ တစ်သားတည်းဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲဆင်နွှဲနေရသလို အစ္စရေးနဲ့ ဖြစ်တဲ့စစ်ပွဲမှာ ဟစ်ဘိုလာခေါင်းဆောင်ပိုင်းကလည်း ထိ ခိုက်ကျဆုံးမှုတွေများလာတာကြောင့် ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အပတ်က သူပုန်အဖွဲ့က အသာစီးပြန်ရ လာတဲ့ စိန်ခေါ်မှုအသစ်နဲ့ အဲဒီစစ်သွေးကြွမဟာမိတ်အုပ်စုတွေ ရင်ဆိုင်နေရပါတယ်။
အလက်ပိုမြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်တာဟာ အာဆတ်အစိုးရကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့တဲ့ သူပုန်အဖွဲ့ရဲ့ ကြီး မားတဲ့အောင်မြင်မှုဖြစ်ပါတယ်။
လူပေါင်းများစွာ သေကြေပျက်စီးခဲ့တဲ့ စစ်ပွဲရဲ့ အဓိက အလှည့်အပြောင်းအဖြစ် အစိုးရတပ်တွေဟာ ၂၀၁၆ ခုနှစ် အလက် ပိုမြို့ကို သိမ်းပိုက်ပြီးကတည်းက တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဟစ်ဘိုလာနဲ့ အီရန်ထောက်ပံ့ထားတဲ့ တခြားစစ်သွေးကြွအဖွဲ့တွေဟာ အစ္စရေးစစ်ပွဲနဲ့ ဗျာများနေရတဲ့အတွက် ဆီးရီးယား သူပုန်တွေဟာ အလက်ပိုမြို့ကို အခုလို အလျင်အမြန် သိမ်းပိုက်လိုက်နိုင်တာဖြစ်ကြောင်း ပြည်ပရောက် ဆီးရီးယားအ တိုက်အခံအုပ်စု ခေါင်းဆောင် ဟာဒီအယ်လ်ဘာရာက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
အလက်ပိုမြို့ကို တိုက်ခိုက်ဖို့အတွက် ပြီးခဲ့နှစ်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ပေမဲ့ ဂါဇာမှာဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် နှောင့် နှေးကြန့်ကြာခဲ့ရတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အာဆတ်အစိုးရဟာ နယ်မြေအများစုနဲ့ အဓိကမြို့ကြီးတွေအားလုံးကို ထိန်းချုပ်ထားတဲ့အတွက် ၂၀၂၀ ပြည့်နှစ်ကစပြီး ဆီးရီယားပြည်တွင်းစစ်ဟာ လိပ်ခဲတည်းလည်းအခြေအနေမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ သူပုန်အဖွဲ့တွေက နိုင်ငံရဲ့ အနောက်မြောက်ပိုင်း နယ်မြေကို သိမ်းပိုက်ထားသလို တူရကီထောက်ပံ့ထားတဲ့ လက်နက် ကိုင်အုပ်စုတွေက မြောက်ပိုင်းနယ်စပ်တစ်လျှောက်ကို ထိန်းချုပ်ထားပြီး အမေရိကန်ထောက်ပံ့ထားတဲ့ ကာဒစ်ရှ်တပ်ဖွဲ့ ဝင်တွေက အရှေ့မြောက်ဒေသ နယ်မြေလေးတစ်ခုကို ထိန်းချုပ်ထားပါတယ်။
ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက နိုင်ငံတွင်း ပြိုင်ဘက်အုပ်စုတွေကို ထောက်ပံ့ထားပြီး ဆီးရီယားလူမျိုး သန်း နဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာကြောင့် ဆီးရီးယားနိုင်ငံက ကာလရှည်ကြာတင်းမာမှုမှန်သမျှဟာ ဂါဇာနဲ့ လက်ဘနွန် ဒေသက စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုခံနေရတဲ့ ဒေသတစ်ခုကို နောက်ထပ် မတည်ငြိမ်မှုတွေ ထပ်မံဖြစ်ပွားစေပါတယ်။
Ref: Iraqi fighters head to Syria to battle rebels but Lebanon’s Hezbollah stays out, sources say
#PeopleMedia