ဆီးရီးယားအစိုးရမထိန္းႏိ္ုင္တဲ့တစ္ခုတည္းေသာျပည္နယ္ကို ေလေၾကာင္းကေန တိုက္ခိုက္လို႔ တူရကီစစ္သား ၃၃ ေယာက္ေသဆံုး
PUBLISHED - February 29, 2020
အစၥတန္ဘူလ္၊ ေဖေဖာ္ဝါရီ ၂၈
ဆီးရီးယားႏိုင္ငံအေနာက္ေျမာက္ပိုင္းက ဆီးရီးယားအစိုးရျပန္မသိမ္းႏိုင္ေသးတဲ့ အစ္ဒ္လစ္ဘ္ျပည္နယ္မွာ ၾကာသပေတးညပိုင္းက ဆီးရီးယားအစိုးရရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ တူရကီစစ္သားအနည္းဆံုး ၃၃ ေယာက္ေသဆံုးခဲ့ပါတယ္။
ဒါဟာ ဆီးရီးယားပဋိပကၡမွာ သိသာတဲ့တင္းမာမႈျဖစ္လာတာပါ။ ဆီးရီးယားအစိုးရပစ္မွတ္ ၂၀၀ ေလာက္ကို ျပန္ပစ္ခတ္ခဲ့ၿပီး ဆီးရီးယားစစ္သားအေယာက္ ၃၀၀ ေလာက္ကို ျပန္တံု႔ျပန္ခဲ့တယ္လို႔ တူရကီကေျပာပါတယ္။
အစၥလာမ္အစြန္းေရာက္တိုက္ခိ္ုက္ေရးသမားေတြနဲ႔အတူလုပ္ငန္းလုပ္ေနၾကခ်ိန္မွာ အစ္ဒ္လစ္ဘ္ျပည္နယ္မွာ ႐ွိတဲ့တူရကီတပ္ဖြဲ႕ေတြ တိုက္ခိုက္ခံခဲ့ရတာလို႔ ဆီးရီးယားရဲ႕အဓိကစစ္ဘက္ဆိုင္ရာမိတ္ဖက္႐ု႐ွားက ေျပာပါ တယ္။
ဘီဟြန္းေဒသကိုတိုက္ခိုက္ရာမွာ ႐ု႐ွားေလတပ္မပါခဲ့ဘူးလို႔လည္း ႐ု႐ွားဘက္ကျငင္းဆိုထားပါတယ္။
တူရကီေထာက္ခံေပးထားတဲ့သူပုန္ေတြလက္ကေန အစ္ဒ္လစ္ဘ္ကိုျပန္သိမ္းႏိုင္ဖို႔ ႐ု႐ွားအေထာက္အပံ့နဲ႔ ဆီးရီးယားအစိုးရတပ္ဖြဲ႕ေတြကႀကိဳးစားေနတာပါ။
အဓိကၿမိဳ႕ဆာရာကိဘ္ကို သူပုန္ေတြျပန္သိမ္းခဲ့ၿပီးေနာက္ ေလေၾကာင္းတိုက္ခိုက္မႈေတြျဖစ္လာတာပါ။
ဥေရာပသမဂၢမွာ ခိုလႈံႏိုင္ေအာင္ ဆီးရီးယားဒုကၡသည္ေတြကိုခြင့္ျပဳဖို႔ နယ္စပ္ထိန္းခ်ဳပ္ရာမွာ ေနတိုးအဖြဲ႕ရဲ႕ အဓိကအဖြဲ႕၀င္ျဖစ္တဲ့တူရကီက စိတ္သက္သာရာရေနတယ္လို႔ အစီရင္ခံစာေတြမွာေဖာ္ျပပါတယ္။
Source – BBC
#PeopleMedia #Syria #Turkey #Idlib
(Unicode)
ဆီးရီးယားအစိုးရမထိန်းနိ်ုင်တဲ့တစ်ခုတည်းသောပြည်နယ်ကို လေကြောင်းကနေ တိုက်ခိုက်လို့ တူရကီစစ်သား ၃၃ ယောက်သေဆုံး
…………………………………………………………
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၂၈
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းက ဆီးရီးယားအစိုးရပြန်မသိမ်းနိုင်သေးတဲ့ အစ်ဒ်လစ်ဘ်ပြည်နယ်မှာ ကြာသပတေးညပိုင်းက ဆီးရီးယားအစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တူရကီစစ်သားအနည်းဆုံး ၃၃ ယောက်သေဆုံးခဲ့ပါတယ်။
ဒါဟာ ဆီးရီးယားပဋိပက္ခမှာ သိသာတဲ့တင်းမာမှုဖြစ်လာတာပါ။ ဆီးရီးယားအစိုးရပစ်မှတ် ၂၀၀ လောက်ကို ပြန်ပစ်ခတ်ခဲ့ပြီး ဆီးရီးယားစစ်သားအယောက် ၃၀၀ လောက်ကို ပြန်တုံ့ပြန်ခဲ့တယ်လို့ တူရကီကပြောပါတယ်။
အစ္စလာမ်အစွန်းရောက်တိုက်ခိ်ုက်ရေးသမားတွေနဲ့အတူလုပ်ငန်းလုပ်နေကြချိန်မှာ အစ်ဒ်လစ်ဘ်ပြည်နယ်မှာ ရှိတဲ့တူရကီတပ်ဖွဲ့တွေ တိုက်ခိုက်ခံခဲ့ရတာလို့ ဆီးရီးယားရဲ့အဓိကစစ်ဘက်ဆိုင်ရာမိတ်ဖက်ရုရှားက ပြောပါ တယ်။
ဘီဟွန်းဒေသကိုတိုက်ခိုက်ရာမှာ ရုရှားလေတပ်မပါခဲ့ဘူးလို့လည်း ရုရှားဘက်ကငြင်းဆိုထားပါတယ်။
တူရကီထောက်ခံပေးထားတဲ့သူပုန်တွေလက်ကနေ အစ်ဒ်လစ်ဘ်ကိုပြန်သိမ်းနိုင်ဖို့ ရုရှားအထောက်အပံ့နဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေကကြိုးစားနေတာပါ။
အဓိကမြို့ဆာရာကိဘ်ကို သူပုန်တွေပြန်သိမ်းခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာတာပါ။
ဥရောပသမဂ္ဂမှာ ခိုလှုံနိုင်အောင် ဆီးရီးယားဒုက္ခသည်တွေကိုခွင့်ပြုဖို့ နယ်စပ်ထိန်းချုပ်ရာမှာ နေတိုးအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်ဖြစ်တဲ့တူရကီက စိတ်သက်သာရာရနေတယ်လို့ အစီရင်ခံစာတွေမှာဖော်ပြပါတယ်။
Source – BBC
#PeopleMedia #Syria #Turkey #Idlib