ဆီးရီးယားအနောက်မြောက်ဘက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ရာ အယ်လ်ကိုင်ဒါထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး
PUBLISHED - October 23, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃ (People Media)
ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်တွင် အောက်တိုဘာလ ၂၂ ရက်နေ့က မောင်းသူမဲ့လေယာဉ်တစ်စင်း ဖြင့် တိုက်ခိုက်ခဲ့ရာ ထိပ်တန်းအယ်လ်ကိုင်ဒါခေါင်းဆောင်တစ်ဦး သေဆုံးသွားကြောင်း အမေရိကန်ဗဟိုစစ်ဌာန ချုပ်က ကြေညာလိုက်သည်။
ဆီးရီးယားအနောက်မြောက်ဘက်တွင် MQ-9 Reaper ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိပ်တန်းအယ်လ်ကိုင်ဒါ ခေါင်း ဆောင်ဖြစ်သူ အဗ္ဗဒူဟာမစ်အယ်လ်မာတာ သေဆုံးခဲ့ကြောင်း အမေရိကန်ကြည်းတပ်မှ အမေရိကန် ဗဟိုစစ်ဌာ နချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးဂျွန်ရစ်ချ်ဘီးက စစ်ဌာနချုပ်ဝက်ဘ်ဆိုက်တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ထည့်သွင်းပြောဆိုခဲ့သည်။ “ဒီတိုက်ခိုက်မှုမှာ အရပ်သားတွေသေတာမတွေ့ရပါဘူး” ဟု ၎င်းကပြောသည်။
“အယ်လ်ကိုင်ဒါတွေဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ဆက်လက်ခြိမ်းခြောက်နေတယ်။ အယ်လ်ကိုင်ဒါ အဖွဲ့ဟာ သူတို့အဖွဲ့ပြန်လည်တည်ဆောက်ဖို့၊ ပြင်ပကအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဖို့နဲ့ ပြင်ပ နိုင်ငံတွေမှာ စစ်ဆင်ရေးအသစ်တွေဆောင်ရွက်နိုင်ရေးအတွက် စီမံဖို့ ဆီးရီးယားကို လွတ်မြောက်နယ်မြေတစ်ခု အဖြစ်အသုံးပြုနေတယ်။ ဆီးရီးယားနိုင်ငံ၊ အီရတ်နဲ့ တခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ အခြေခံစခန်းတစ်ခုအဖြစ် လည်း ဆီးရီးယားကို အယ်လ်ကိုင်ဒါတွေက အသုံးပြုနေကြတယ်။ အယ်လ်ကိုင်ဒါထိပ်တန်းခေါင်းဆောင်တစ်ဦး ကို သုတ်သင်ချေမှုန်းလိုက်တာဟာ နောက်ထပ်လုပ်ကြံမှုတွေ၊ အမေရိကန်နိုင်ငံသားတွေ၊ ကျွန်တော်တို့မဟာ မိတ်တွေနဲ့ အပြစ်မရှိတဲ့အရပ်သားတွေကို တိုက်ခိုက်ဖို့ခြိမ်းခြောက်နေတာတွေကိုလုပ်ဆောင်ဖို့ ကြိုးစားနေတဲ့အ ကြမ်းဖက်အဖွဲ့အစည်းကို နှောင့်ယှက်တိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးဂျွန်ရစ်ချ်ဘီးကပြောသည်။
“အမေရိကန်ဟာ အမေရိကန်အမိမြေကို ထိခိုက်အောင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ အယ်လ်ကိုင်ဒါအဖွဲ့ဝင် တွေနဲ့ တခြားအကြမ်းဖက်အဖွဲ့အစည်းတွေ ဆက်လက် ပစ်မှတ်ထားတိုက်ခိုက်သွားမှာပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အယ်လ်မာတာကို တိုက်ခိုက်မှုမှာ တစ်လအတွင်း ထိပ်တန်းအယ်လ်ကိုင်ဒါခေါင်းဆောင်ပိုင်းကို ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်သည်။ ဆီးရီးယားနိုင်ငံ အီဒစ်ဘလစ်အနီးတွင် ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတစ်ခု တွင် သေဆုံးသွားသည့် ဆလမ်အဘူအာမက်သည်လည်း ထိပ်တန်းအယ်လ်ကိုင်ဒါခေါင်းဆောင်တစ်ဦးဖြစ် ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က အမေရိကန်ဗဟိုစစ်ဌာနချုပ်ကပြောသည်။
“ဆလမ်အဘူအာမက်ဟာ ဒေသတွင်း အယ်လ်ကိုင်ဒါတိုက်ခိုက်မှုတွေကို စီမံပေးတဲ့သူဖြစ်သလို ရန်ပုံငွေရှာဖွေ ပေးတဲ့သူလည်းဖြစ်တယ်။ ပြီးတော့ ဒေသတစ်ဝန်းတိုက်ခိုက်မှုတွေကို သဘောတူထောက်ခံပေးတဲ့သူလည်းဖြစ် တယ်” ဟု ဗိုလ်မှူးဂျွန်ရစ်ချ်ဘီးကပြောသည်။
Ref: Senior al-Qaida leader killed in northwest Syria drone strike: CENTCOM
#PeopleMedia
(unicode)
……………………………………………………………………
Ref: Senior al-Qaida leader killed in northwest Syria drone strike: CENTCOM
#PeopleMedia