ဆုန်ခရန်မဟာသင်္ကြန်ကာလအတွင်း ဘတ်ငွေ ၂၄.၄ ဘီလျံ ရှာဖွေနိုင်မယ်လို့ TAT မျှော်လင့်
PUBLISHED - March 13, 2024
နိုင်ငံတကာ၊ မတ် ၁၃
ဆုန်ခရန်မဟာသင်္ကြန်ပွဲတော် ငါးရက်တာကာလအတွင်း နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွား ၅၁၀,၀၀၀ နဲ့ ုပြည် တွင်းခရီးစဉ်ပေါင်း ၄.၂၉ သန်းကတစ်ဆင့် နိုင်ငံအတွက် ဝင်ငွေ ဘတ်ငွေ ၂၄.၄ ဘီလျံ ရှာဖွေပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က ပြောကြားလိုက် ပါတယ်။
ရေသဘင်ပွဲတော်ဆင်နွှဲပြီး နိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်အောင် ဆွဲဆောင်ဖို့အ တွက် ထိုင်းအစိုးရက မဟာဆုန်ခရန်ကမ္ဘာ့ရေသဘင်ပွဲတော် ၂၀၂၄ ကို ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဧပြီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပတဲ့ ဆုန်ခရန်မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဝင်ငွေရရှိမှု ဟာ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာရာ အခုနှစ်မှာ ၄၉% မြင့်တက်လာမယ်လို့ မျှော်မှန်းထားကြောင်း TAT အုပ်ချုပင်ရေးမှူး ထာပနီးကီယတ်ဖိုင်ဘိုးလ်က ပြောပါတယ်။
ဆုန်ခရန်ပွဲတော်အတွင်း ကမ္ဘာလှည့်ခရီးသွား ၅၁၀,၀၀၀ ထံက ဘတ်ငွေ ၈.၇၆ ဘီလျံရရှိနိုင်ပြီး ပြည်တွင်းခရီး စဉ် ၄.၂၉ သန်းထံက ဘတ်ငွေ ၁၅.၆ ဘီလျံ ရရှိနိုင်မယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဘန်ကောက်မြို့ Ratchadamnoen Klang လမ်းမှာကျင်းပတဲ့ ရေ သဘင်ပွဲတော်မှာ ပြည်တွင်းခရီးစဉ် ၆၃၅,၅၉၀ ကို အခြေခံပြီး ဘတ်ငွေ ၃.၇ ဘီလျံ ရရှိနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။
နိုင်ငံတွင်းခရီးသွားအများစုက ပြည်နယ်အသီးသီးမှာရှိတဲ့ ၎င်းတို့ ဇာတိမြေကို သွားရောက်လည်ပတ်သလို ဘန် ကောက်မှာရှိတဲ့ ခရီးသွားလုပ်ငန်းကတော့ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေက ဦးဆောင်သွားလာနေတာ ဖြစ်ကြောင်း မစ္စထာပနီးက ပြောပါတယ်။
ဧပြီလ ၂၁ ရက်အတွင်း နိုင်ငံတစ်ဝန်းကျင်းပမယ့် ပွဲလန်းသဘင်တွေကတစ်ဆင့် တခြားပြည်နယ်တွေကလည်း အကျိုးကျေးဇူးခံစားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ပြည်နယ်အားလုံးမှာ ဆုန်ခရန်ပွဲတော်ကျင်းပနေစဉ်အတွင်း နိုင်ငံတော်ပွဲလမ်းသဘင်တွေ ကျင်းပရာမှာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အစိုးရက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာ နနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန စတဲ့ဝန်ကြီးဌာနသုံးခုကို ဘတ်ငွေ သန်း ၁၃၀ ခွဲဝေပေးခဲ့ ပါတယ်။
အခုနှစ်အတွင်း မတ်လ ၁၀ ရက်နေ့အထိ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွား ၇.၄ သန်း ရောက်ရှိလာရာ ဝင်ငွေ ဘတ်ငွေ ၃၅၉ ဘီလျံရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကာလအတွင်း ကမ္ဘာလှည့်ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံသား ၁.၃၆ သန်းက အများဆုံးဖြစ်ပြီး မလေးရှား က ၉၈၆,၂၃၄ ဦးနဲ့ ဒုတိယ၊ ရုရှားက ၄၉၂,၃၀၂ ဦးနဲ့ တတိယလိုက်ကြောင်း သိရပါတယ်။
Ref: TAT eyes B24.4bn from Songkran
#PeopleMedia