• Follow Us on
Latest News

Home ဆုံရွာပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေနဲ့ ဒရုန်းဖြင့် ဗုံးသီး (၄၀)ခန့် ကြဲချ တိုက်ခိုက်

ဆုံရွာပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေနဲ့ ဒရုန်းဖြင့် ဗုံးသီး (၄၀)ခန့် ကြဲချ တိုက်ခိုက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီး (၄၀)ခန့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ (၁)ရက် မွန်းတည့် (၁၂)နာရီခန့်မှ ညနေ (၅)နာရီအချိန်ထိ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ မိုးတောင်ကျေးရွာဘက်မှ ဆုံရွာပြည်သူ့စစ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချကာ တိုက်ခိုက်ခဲ့သည်။

 

“ဆုံရွာကို PDF တွေက ဒရုန်း တစ်ခေါက်ကို လေးငါးစီး လွှတ်ပြီးတော့ ဗုံးသီး (၄၀)လောက် လာကြဲသွားတယ်။ (၁၂)လောက်ကနေပြီးတော့ ညနေ (၅)နာရီလောက်ထိ ကြဲသွားတာ။ လူထိခိုက်တာတော့ မရှိဘူး။ အိမ်တွေပျက်စီးတယ်ဗျ။ သွပ်မိုး ပျဉ်ထောင် အိမ် (၂)လုံးလောက် ပျက်စီးသွားတယ်။ တစ်ခါကြဲရင် ဒရုန်း လေးစီးလောက်နဲ့ လေးငါးခေါက်လောက် လာကြဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ အနေဖြင့် မြင်းခြံမြို့နယ် မိုးတောင်ကျေးရွာဘက်မှ ဆုံရွာကျေးရွာဘက်သို့ ဒရုန်းများဖြင့် ဗုံးကြဲခြင်းဖြစ်ပြီး မိုးတောင်ကျေးရွာသည် စစ်သွေးကြွများ ထိန်းချုပ်ထားသည့်နေရာဖြစ်ကြောင်း သိရသည်။

 

“PDF တွေက မိုးတောင်ရွာဘက်ကနေ ဒရုန်းနဲ့ချတာ။ အဲဘက်က PDF တွေက ထိန်းချုပ်ထားတာ။ မိုးတောင်နဲ့ ဆုံရွာနဲ့က သိပ်မဝေးဘူး။ ဆိုင်ကယ်နဲ့စီးရင် ငါးမိနစ်လောက်ဆိုရောက်တယ်” ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post