• Follow Us on

Home ဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး မြန်မာ့တပ်မတော်က ဒရုန်းတပ်ဖွဲ့အသစ်တွေ ဖွဲ့စည်းနေ

ဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး မြန်မာ့တပ်မတော်က ဒရုန်းတပ်ဖွဲ့အသစ်တွေ ဖွဲ့စည်းနေ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၃

 

မြန်မာ့တပ်မတော်ဟာ ပြည်တွင်းသူပုန်တွေရဲ့ အောင်ပွဲတွေကို အတုယူပြီး တရုတ်ထုတ်ဒရုန်းတွေနဲ့ ဒရုန်းတပ် ဖွဲ့အသစ်တွေ ဖွဲ့စည်းနေကြောင်း ရိုက်တာသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံက သူပုန်တွေဟာ ပြီးခဲ့တဲ့နှစ်က ဒရုန်းတွေကို အသုံးပြုပြီး အရှေ့တောင်အာရှက လေးစားခန့်ငြားရ တဲ့တပ်မတော်တစ်ရပ်ကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့ပါတယ်။

 

သူပုန်အဖွဲ့တွေဟာ အရပ်ဘက်သုံးဒရုန်းတွေကို လက်နက်တပ်ဆင်လို့ရအောင် ပြန်လည်ပြုပြင်ပြီး တိုက်ခိုက်ခဲ့ ကြတာဖြစ်သလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ၎င်းတို့အနေနဲ့ လက်နက်ခဲယမ်းတွေကို ပိုမိုကြိုး ပမ်းရှာဖွေနေရတယ်လို့ဆိုပါတယ်။

 

“အခုအချိန်မှာ နှစ်ဖက်စလုံးက ဒရုန်းတွေကို အသုံးပြုနေတဲ့အတွက် စစ်မြေပြင်အခြေအနေတွေက ပြောင်းလဲ နေပါတယ်။” လို့ နိုင်ငံရဲ့ အရှေ့တောင်ဒေသမှာ လှုပ်ရှားနေတဲ့ အသက် ၃၁ နှစ်အရွယ် ကိုတရုတ်ကြီး (အမည် ဝှက်) ဆိုသူ သူပုန်တစ်ဦးက ပြောပါတယ်။

 

မြန်မာ့တပ်မတော်အနေနဲ့ သူပုန်တွေကို နှိမ်နှင်းရာမှာ လက်နက်တပ်ဆင်ထားတဲ့မောင်းသူမဲ့လေယာဉ်တွေကို စတင်အသုံးပြုလာကြောင်း၊ အဲဒီဒရုန်းတွေဟာလည်း တရုတ်ထုတ်ဒရုန်းတွေကို ပြန်လည်ပြုပြင်ပြီး လက်နက် တပ်ဆင်ထားတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

မြန်မာနိုင်ငံ တခြားနေရာတွေက သူပုန်နှစ်ဦးကလည်း ရိုက်တာသတင်းဌာနကို အလားတူပြောပါတယ်။

 

ရိုက်တာသတင်းဌာနက တော်လှန်ရေးသမား ၄ ဦး၊ ဆန်းစစ်လေ့လာသူ ၂ ဦးနဲ့ ဒေသတွင်း စစ်ပွဲကိုလေ့လာနေ တဲ့အရာရှိတစ်ဦးကို အင်တာဗျူးခဲ့ရာ မြန်မာ့တပ်မတော်က တရုတ်ထုတ်ဒရုန်းတွေကို အသုံးပြုနေတယ်ဆိုတာ ၎င်းတို့ကလည်း ပြောပါတယ်။

 

တပ်မတော်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် သူပုန်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရတာတွေရှိကြောင်း ကိုတရုတ်ကြီး က ပြောပါတယ်။ “သူတို့ (မြန်မာ့တပ်မတော်သားများ) တွေ ဒရုန်းသုံးတာ ပိုပြီးတော်လာတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုနှစ်အစမှာ မြန်မာ့တပ်မတော်က တရုတ်ထုတ်အရပ်ဘက်ဒရုန်းအစင်းရေ ထောင်ပေါင်းများစွာ ဝယ်ယူခဲ့ပြီး ဒေသထုတ်ခဲယမ်းတွေတပ်ဆင်အသုံးပြုနိုင်ဖို့ ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက ပြောပါတယ်။

 

ဒရုန်းအသုံးပြုနေတဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်က တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသလို နစက အစိုးရပြောခွင့်ရပုဂ္ဂိုလ်ကိုလည်း ဆက်သွယ်မေးမြန်းလို့မရပါဘူး။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တပ်မတော်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာနိုင်ငံ က သူပုန်တွေဟာ ဒရုန်းတွေအသုံးပြုပြီး ဒရော့ဗုံး အလုံး ၂၅၀၀၀ ကျော်အထိ ကြဲချခဲ့ကြောင်း တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီအချိန်က ပြောကြားခဲ့ပါတယ်။

 

“တရုတ်နိုင်ငံအနေနဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ နှစ်မျိုးသုံးပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကို တင်ပို့ရာမှာ အထူး ဂရုစိုက်ပြီး တာဝန်ယူတဲ့ သဘောထားတစ်ရပ်ကို အမြဲတမ်းလက်ခံကျင့်သုံးခဲ့ပါတယ်။” လို့ ရိုက်တာသတင်းဌာန ရဲ့မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် လင်းကျီယန်က ပြန်လည်ဖြေကြားပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရခေါ် NUG ပြည်ပြေးအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ မှာလည်း ပြန်လည်ဖြေကြား ခြင်းမရှိပါဘူး။

 

မြန်မာ့တပ်မတော်ဟာ ၂၀၁၃ ခုနှစ်ဝန်းကျင်မှာ တရုတ်နိုင်ငံက CH-3 UAV ခေါ် မောင်းသူမဲ့လေယာဉ် ၁၂ စင်း ကိုလည်း မှာယူခဲ့ကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျုရဲ့ သတင်းအချက်အ လက်တွေအရ သိရပါတယ်။

 

ဒါပေမဲ့ မြန်မာ့တပ်မတော်ဟာ တိုက်ပွဲတွေအတွင်း CH-3 UAV တွေကို အသုံးပြုခြင်းမရှိသေးဘဲ တရုတ်ထုတ် အရပ်ဘက်ဒရုန်းတွေကိုသာ ပြုပြင်ပြီး လက်နက်တပ်ဆင်အသုံးပြုနေတာဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

 

မြန်မာ့တပ်မတော်အနေနဲ့ မကြာသေးခင်ကာလက တိုက်ပွဲတွေမှာ ဒရုန်းအနည်းငယ်ကိုသာ အသုံးပြုတာတွေ့ ရပြီး အသစ်ဝယ်ယူထားတဲ့ဒရုန်းအားလုံးကို စစ်မြေပြင်မှာ အသုံးပြုတာ မတွေ့ရသေးကြောင်း သူပုန်တပ်ဖွဲ့ဝင် တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

မြန်မာ့တပ်မတော်အနေနဲ့ CH-3 UAV တွေကို ဘာ့ကြောင့်အသုံးမပြုသေးတာလဲဆိုတာနဲ့ တရုတ်ထုတ် အရပ် ဘက်ဒရုန်းတွေကို ဘာ့ကြောင့် အင်အားအလုံးအရင်းထုတ်နုတ်အသုံးမပြုသေးတာလဲဆိုတာကိုတော့ ရိုက်တာ သတင်းဌာနက သီးခြားအတည်မပြုနိုင်ပါဘူး။

 

Ref: Learning from Myanmar’s rebels, junta builds new Chinese drone fleet

 

#PeopleMedia


Share this post