ဆူဒန်စစ်တပ်က ဖြုတ်ချထားသော ဝန်ကြီးချုပ်ဟမ်းဒတ်ကို မူလရာထူးတွင် ပြန်လည်ခန့်အပ်

PUBLISHED - November 22, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၂ (People Media)
ဆူဒန်နိုင်ငံ၌ လွန်ခဲ့သည့်လကစစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်အဗ္ဗဒူလာဟမ်းဒတ်ကို နေအိမ်အကျယ် ချုပ်ဖြင့်ထိန်းသိမ်းထားခဲ့ရာ ယခုအခါ ဝန်ကြီးချုပ်အဗ္ဗဒူလာဟမ်းဒတ်ကို မူလရာထူးသို့ ပြန်လည်လွှဲပြောင်းအပ်နှံ လိုက်ကြောင်းသိရသည်။
နိုင်ငံတွင်း ဆန္ဒပြပွဲများဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အပ်ဒဲဖာ တာအယ်လ်ဘာဟန်နှင့် အာဏာမျှဝေသုံးစွဲမှုဆိုင်ရာသဘောတူစာချုပ်သစ်တစ်ခုကို လက်မှတ်ရေးထိုးရန် ဝန် ကြီးချုပ်အဗ္ဗဒူလာဟမ်းဒတ် ရုပ်မြင်သံကြားပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
သို့သော် လွန်ခဲ့သည့်နှစ်နှစ်က မစ္စတာဟမ်းဒတ်ကိုဝန်ကြီးချုပ်အဖြစ်အမည်စာရင်းတင်သွင်းခဲ့သော အရပ်ဘက် ညွန့်ပေါင်းအဖွဲ့က မည်သည့်သဘောတူညီမှုအသစ်ကိုမှ အသိအမှတ်မပြုနိုင်ကြောင်းငြင်းဆိုခဲ့သည်။ ယင်းစာ ချုပ်မှာ အတင်းအဓမ္မခြိမ်းခြောက်ထားသော စာချုပ်ဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က BBC ကို ပြောသည်။
“နိုင်ငံရဲ့ အနာဂတ်ကို မြေပြင်မှာရှိနေတဲ့ လူငယ်တွေက ဆုံးဖြတ်ပါလိမ့်မယ်” ဟု လွတ်လပ်ရေးနှင့် ပြောင်းလဲ ရေးညွန့်ပေါင်းအဖွဲ့အင်အားစုများမှ ဆစ်ဒစ်အဘူဖော်ဝပ်ဇ်က BBC ကို ပြောသည်။
မြို့တော်ခါးတင်၏ လမ်းမများတွင် သမ္မတနန်းတော်သို့ချီတက်နေကြပြီး နိုင်ငံရေးမှ စစ်တပ်အပြီးဆုတ်ခွာပေး ရန် တောင်းဆိုနေကြသည့် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ဖြိုခွင်း ခဲ့သည်။
အာဏာသိမ်းစစ်တပ်က နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလိုက်ပြီး အရပ်သားခေါင်းဆောင်မှုကို ဖြုတ် ချလိုက်သည့် အောက်တိုဘာလ ၂၅ ရက်နေ့ ကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ တွင် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့သည်။
အကြမ်းဖက်မှုများရပ်တန့်သွားရန်အတွက် သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒတ်ကပြောသည်။
“ဆူဒန်လူမျိုးတွေရဲ့သွေးက တန်ဖိုးကြီးပါတယ်။ သွေးထွက်သံယိုမှုတွေကို အဆုံးသတ်ပြီး လူငယ်တွေရဲ့ စွမ်း အင်တွေကို တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ အသုံးပြုကြပါစို့လို့ ပြောချင်ပါတယ်” ဟု ဝန်ကြီးချုပ်၏ စကားကို ကိုးကား၍ ရိုက်တာသတင်းဌာနကဖော်ပြထားသည်။
သဘောတူစာချုပ်အရ အာဏာပြန်လည်အပ်နှင်းခြင်းခံရသော ဝန်ကြီးချုပ်သည် ရွေးကောက်ပွဲများပြန်လည် ကျင်းပခြင်းမပြုသေးမီအထိ အစိုးရအဖွဲ့ကို ဦးဆောင်သွားရမည်ဖြစ်သည်။ သို့သော် စစ်တပ်၏ကြီးကြပ်မှု အောက်တွင်ရှိနေမည်ဖြစ်သည့်အတွက် အရပ်သားအစိုးရသစ်အနေဖြင့် နိုင်ငံတော်အာဏာကို မည်မျှအထိ ကိုင်စွဲခွင့်ရှိသည်ကို ရှင်းလင်းစွာမသိရပေ။
သဘောတူစာချုပ်အရ အစိုးရသစ်ဖွဲ့စည်းရန် ၎င်းတွင်လွတ်လပ်ခွင့်အပြည့်အဝရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် ဇူလိုင် လမတိုင်မီ ရွေးကောက်ပွဲများပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟမ်းဒတ်က ပြောသည်။ ယင်းသ ဘောတူစာချုပ်အရ ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွတ်ငြိမ်းခွင့်ပေးနိုင်ကြောင်း လည်းသိရသည်။
Ref: Sudan’s military reinstates ousted civilian PM Hamdok
#PeopleMedia
(unicode)
…………………………………………………………
Ref: Sudan’s military reinstates ousted civilian PM Hamdok
#PeopleMedia