ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကတိကဝတ်ပြုကြောင်း ထုတ်ဖော်ပြောဆို

PUBLISHED - November 8, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၈ (People Media)
ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က နိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကတိကဝတ်ပြုကြောင်း နိုဝင်ဘာ ၇ ရက်တွင် ထပ်လောင်းပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် ဆူဒန် TV က ထုတ်လွှင့် ခဲ့သည်။
အဆိုပါ ပြောကြားချက်သည် စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က အာရပ်အုပ်စု လက်ထောက်အထွေ ထွေအတွင်းရေးမှူးချုပ် Hossam Zaki ဦးဆောင်သည့် အာရပ်အဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်တပ်အနေနဲ့ ပြည်သူက ရွေးချယ်ထားတဲ့ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာတဲ့အထိ ဒီမိုကရေအသွင်ကူး ပြောင်းရေးအတွက် ကတိပြုပါတယ်” ဟု စစ်ဦးစီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ ဆူဒန် TV က ထုတ်လွှင့် ခဲ့သည်။
အာရပ်အဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Hossam Zaki က အဖွဲ့အစည်းအားလုံးအတွက် လက်သင့်ခံနိုင်သည့် ပြေငြိမ်းမှုတစ်ခု ရရှိစေရန် ဆူဒန်အစိတ်အပိုင်းများအားလုံးအကြား ဆွေးနွေးမှု၏ အရေးပါပုံကို အလေးအနက် ပြောကြားခဲ့သည်။
စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်း၌ ဆူဒန်အဖွဲ့များပါဝင်ရေး ကူညီရန် အာရပ်အဖွဲ့ချုပ်က အသင့်ရှိကြောင်း Zaki က ထပ်လောင်းထုတ်ဖော်ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Al-Burhan က အောက်တိုဘာ ၂၅ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာပြီး အချုပ်အခြာအာဏာပိုင်ကောင်စီနှင့် အစိုးရအား ဖျက်သိမ်းပြီးနောက် ဆူဒန်နိုင်ငံသည် နိုင်ငံရေးအကြပ် အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အာဏာရညွန့်ပေါင်းအဖွဲ့တွင် အရပ်သားအစိတ်အပိုင်းဖြစ်သည့် လွတ်လပ်ရေးနှင့် ပြောင်းလဲရေး မဟာ မိတ်အင်အားစုများက စစ်ဦးစီးချုပ် Abdel Fattah Al-Burhan သည် စစ်အာဏာသိမ်းမှု ပြုလုပ်နေကြောင်း စွပ်စွဲထားသည်။
(Xinhua)
#PeopleMedia #နိုင်ငံတကာ
(unicode)
…………………………………………………………….
(Xinhua)