ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေများကို တင်သွင်းခွင့်ပြုထား

PUBLISHED - March 24, 2025
နေပြည်တော်၊ မတ် ၂၄
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးနေရာတွင် ကော့သောင်းနယ် စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး၊ တန်ချိန် ၁၅၀၀ တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ပြီးခဲ့သည့်ရက်ပိုင်းက ရောက်ရှိလာ၍ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia