• Follow Us on
Latest News

Home ဆောမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဆောမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၊ ရွာသာကျေးရွာအနီးတွင် PDF အလောင်း (၂) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၅ ရက် နံနက် ၁၁ နာရီကျော်တွင် လုံခြုံရေးတပ်ဖွဲ့မှ ဆောမြို့ရှိ ကျေးရွာတစ်ချို့ကို နယ်မြေရှင်း လင်းရေးဆောင်ရွက်နေစဉ် ရွာသာယာကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့နှင့် PDF တို့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုအပြန်အလှန်ပစ်ခတ်ရာတွင် PDF အလောင်း (၂) လောင်း အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည် ၅၁ တောင့် နှင့် အမ်-၂၂ ကျည်အိမ် ၃ ခု တို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post