• Follow Us on

Home ဆော်ဒီနိုင်ငံအပေါ်ချမှတ်ထားတဲ့ လက်နက်ရောင်းချရေးပိတ်ပင်မှု အမေရိကန် ပြန်ရုပ်သိမ်းမည်

ဆော်ဒီနိုင်ငံအပေါ်ချမှတ်ထားတဲ့ လက်နက်ရောင်းချရေးပိတ်ပင်မှု အမေရိကန် ပြန်ရုပ်သိမ်းမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀

 

ယီမင်စစ်ပွဲ အရှိန်လျော့ကျအောင် ဆော်ဒီအာရေးဘီးယားနိုင်ငံအပေါ် သုံးနှစ်ကြာလက်နက်ရောင်းချမှု ပိတ်ပင် ထားတာကို အမေရိကန်အစိုးရက ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သော ကြာနေ့ (သြဂုတ်လ ၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဝေဟင်-မြေပြင်ပစ် ဒုံးကျည်ရောင်းချရေး ပိတ်ပင်ထားတာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်း တော့မှာဖြစ်ပြီး “သမရိုးကျလက်နက်ရောင်းချရေးမူဝါဒ” နဲ့အညီ စစ်ဆင်ရေးတစ်ခုချင်းစီအတွက် လက်နက် တွေကို ပြန်လည်ရောင်းချပေးသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက အတည် ပြုပြောကြားပါတယ်။

 

ပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းမယ့်အကြောင်းကို အစိုးရအဖွဲ့တာဝန်ရှိသူတွေက ကွန်ဂရက်လွှတ်တော်မှာ အခုသီတင်းပတ်အတွင်း တင်ပြခဲ့တာဖြစ်ပြီး လာမယ့် သီတင်းလောက်မှာ လက်နက်ရောင်းဝယ်မှု ပြန်လည် စတင်နိုင်ကြောင်း လွှတ်တော်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ဆော်ဒီဘက်ကလည်း ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်ခဲ့သလို ကျွန်တော်တို့ကလည်း ကတိအတိုင်း ဆောင်ရွက်ဖို့ အဆင်သင့်ပါပဲ။” လို့ အစိုးရထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

အမေရိကန်ဥပဒေအရ အလွန်အရေးကြီးတဲ့ နိုင်ငံတကာလက်နက် အရောင်းအဝယ်သဘောတူညီမှုစာချုပ်တွေ ကို အပြီးသတ် ဆုံးဖြတ်ချက်မချခင် ကွန်ဂရက်လွှတ်တော်အမတ်တွေက ပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။

 

ယီမင်နိုင်ငံမှာ အရပ်သားတွေကို စစ်ဆင်တိုက်ခိုက်နေတာတွေ၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စိတ်မချရတာ တွေကို ထောက်ပြရင်း ဆော်ဒီအာရေးဘီးယားကို လက်နက်ထောက်ပံ့မှာနဲ့ ပတ်သက်ပြီး ဒီမိုကရက်နဲ့ ရီပတ် ဘလီကန် လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်အဖွဲ့က အစ္စရေးကို အလစ်ဝင်ရောက်တိုက်ခိုက် ခဲ့တာတွေ၊ ယီမင်နိုင်ငံထဲက စစ်ဆင်ရေးအခြေအနေ ပြောင်းလဲမှုတွေကြောင့် အတိုက်အခံလုပ်နေတဲ့ အမတ် တွေဟာ လေသံပျော့ပြောင်းလာပါတယ်။

 

၂၀၂၂ ခုနှစ် မတ်လကတည်းက ဆော်ဒီနဲ့ ဟူသီသူပုန်တွေ ကုလသမဂ္ဂဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးသ ဘောတူညီချက်ကို လက်ခံခဲ့ပြီးနောက် ဆော်ဒီက ယီမင်နိုင်ငံထဲကို လေကြောင်းက တိုက်ခိုက်တာတွေ မလုပ် တော့သလို ယီမင်နိုင်ငံထဲက သူပုန်တွေကလည်း နယ်စပ်ဖြတ်ကျော်ပြီး ဆော်ဒီအာရေးဘီးယားထဲကို ဒုံးကျည် တွေနဲ့ ပစ်ခတ်နေတာတွေကို ရပ်တန့်လိုက်ပါတယ်။

 

“အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကိုလည်း ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ဆော်ဒီကာကွယ်ရေးဝန် ကြီးဌာနဟာ ပြီးခဲ့တဲ့သုံးနှစ်အတွင်း အရပ်သားတွေထိခိုက်မှု လျော့နည်းလာအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် အမေရိကန်နည်းပြတွေဟာ အကြံပေးအရာရှိတွေ ရဲ့ ဆောင်ရွက်မှုကြောင့်လည်း ပါပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိက ပြောပါတယ်။

 

ယီမင်စစ်ပွဲကို အီရန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံကြား ကြားခံစစ်ပွဲတွေထဲက စစ်ပွဲတစ်ခုအဖြစ် ရှုမြင်ထားကြ ပါတယ်။

 

ဟူသီသူပုန်တွေဟာ ဆော်ဒီကထောက်ပံ့ထားတဲ့ ယီမင်အစိုးရကို ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ ဖြုတ်ချခဲ့ပြီး ၂၀၁၅ ခုနှစ်ကတည်းက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီစစ်ပွဲကြောင့် လူဦးရေအများအပြား စစ်ဘေးရှောင်ထွက်ပြေးနေရသလို ယီမင်ပြည်သူ ၈၀% ဟာလည်း လူ သားချင်းစာနာမှုအကူအညီတွေအပေါ် မှီခိုနေရပါတယ်။

 

Ref: US to Lift Ban on Offensive Weapons Sales to Saudi Arabia (Reuters)

 

#PeopleMedia


Share this post