• Follow Us on

Home ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

Share this post

နေပြည်တော်၊ ဇွန် ၃

 

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ နိုင်ငံတော်မှ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မချစ်စနိုးသည် ဇွန် ၁ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၅၅ မိနစ်တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒူဘိုင်းမြို့နှင့် ဘန် ကောက်မြို့တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ယမန်နေ့ည ၉ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသူ မချစ်စနိုးသည် မြန်မာနိုင်ငံမှ ဒူဘိုင်းမြို့သို့ ရောက်ရှိခဲ့ရာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရုံးမှ တစ်ဆင့် ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အဆင်မပြေမှုကြောင့် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ မြန်မာသံရုံးမှ မချစ်စနိုးအား နေရာထိုင်ခင်း၊ အစားအသောက်နှင့် လိုအပ်သော ကူညီမှုများကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit)ရရှိခဲ့၍ ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံ သားများကို မြန်မာသံရုံးမှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသူတစ်ဦးအတိ ဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post