• Follow Us on

Home ဆော်ဒီအာရေးဘီးယားနိုင်ငံက တူရကီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် ရန်ကြိုးပမ်း

ဆော်ဒီအာရေးဘီးယားနိုင်ငံက တူရကီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် ရန်ကြိုးပမ်း

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၈

 

ဆော်ဒီအာရေးဘီးယားကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ်ဘင်ဆယ်လမန်ဘင်အဗ္ဗဒူလာဇစ်ဟာ ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃ ရက်နေ့) က တူရကီနိုင်ငံ အန်ကာရာမြို့မှာရှိတဲ့ တူရကီလေယာဉ်ထုတ်လုပ်ရေးစက်ရုံ (TAI) နဲ့ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ Baykar မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးစက်ရုံတို့ကို သွားရောက်လည်ပတ်ခဲ့ပါ တယ်။

 

ဆော်ဒီကာကွယ်ရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ တူရကီနိုင်ငံတို့ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကဏ္ဍတိုးမြှင့်ဖို့ စိတ်ဝင်စားတဲ့ လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။

 

ခရီးစဉ်အတွင်း အဆိုပါကုမ္ပဏီနှစ်ခုက ထုတ်လုပ်ထားတဲ့ လက်နက်တွေနဲ့ အနာဂတ်အလားအလာတွေအ ကြောင်းနဲ့ ၎င်းတို့ရဲ့ စီမံချက်လုပ်ငန်းတွေ၊ ခေတ်မီထုတ်ကုန်တွေနဲ့ အဆင့်မြင့်နည်းပညာတွေအကြောင်းကို မင်းသားခါလစ်ကို တာဝန်ရှိသူတွေက ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

မင်းသားခါလစ်ဟာ အန်ကာရာမြို့က တည်းခိုရာအိမ်တော်မှာ တူရကီစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ ASELSAN ကုမ္ပဏီက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့လည်း ဇူလိုင်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

 

ASELSAN ကုမ္ပဏီက ကိုယ်စားလှယ်အဖွဲ့ကလည်း ၎င်းတို့ကုမ္ပဏီရဲ့ အဓိကစီမံချက်တွေနဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

မင်းသားခါလစ်နဲ့အတူ ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ထိပ်တန်းအရာရှိတွေပါ ခရီးစဉ်မှာပါလာပါတယ်။ မင်းသားခါလစ်ဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟာလတ်ဂေါ်ဂန်နဲ့ တူရကီနိုင်ငံရဲ့ အဓိက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေက အမှုဆောင်အရာရှိတွေနဲ့လည်း ဇူလိုင်လ ၃ ရက်နေ့က တွေ့ ဆုံခဲ့ပါတယ်။

 

ဆွေးနွေးပွဲတွေမှာ “၂၀၃၀ ပြည့်နှစ် ဆော်ဒီအနာဂတ်ရည်မှန်းချက်” ဆောင်ပုဒ်နဲ့အညီ ကာကွယ်ရေးနယ်ပယ် မှာ ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိက အာရုံစိုက်ဆွေးနွေးခဲ့ကြတယ်လု့ိ ဆိုပါတယ်။

 

ဆော်ဒီအာရေးဘီးယားနိုင်ငံနဲ့ တူရကီကုမ္ပဏီတွေ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးတဲ့အခမ်းအနား မှာ မင်းသားခါလစ်နဲ့ ဟာလတ်ဂေါ်ဂန်တို့ တက်ရောက်ခဲ့ကြပါတယ်။

 

MoU လက်မှတ်ရေးထိုးပွဲကို နှစ်နိုင်ငံ ထိပ်တန်းအရာရှိများလည်း တက်ရောက်ခဲ့ကြပါတယ်။

 

Saudi Vision 2030 ခေါ် “၂၀၃၀ ပြည့်နှစ် ဆော်ဒီအနာဂတ်ရည်မှန်းချက်” ဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ရေနံအပေါ်မှီခိုနေမှုကိ လျှော့ချဖို့၊ စီးပွားရေးလုပ်ငန်းမျိုးစုံ ပြောင်းလဲလုပ်ကိုင်ဖို့နဲ့ ကာကွယ်ရေးကဏ္ဍအပါအဝင် အစိုးရဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့ မဟာဗျူဟာမြောက် မူဘောင်တစ်ခုဖြစ်ပါတယ်။

 

တူရကီနိုင်ငံရဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ အဲဒီရည် မှန်းချက်တွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ှု ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ထားပါတယ်။

 

Ref: Saudi Arabia explores collaboration with Turkish defense industry

 

#PeopleMedia


Share this post