ဆော်ဒီအာရေးဘီးယားမှာ အပူချိန်လွန်ကဲလို့ ဘုရားဖူး ၁၃၀၀ ထက်မနည်းသေဆုံး

PUBLISHED - June 24, 2024
နိုင်ငံတကာ၊ ဇွန် ၂၄
ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ပြင်းထန်တဲ့အပူချိန်လွန်ကဲမှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က ဘုရားဖူးလာတဲ့ အစ္စလာမ်ဘာသာဝင် ၁၃၀၁ ဦး သေဆုံးသွားကြောင်း ဆော်ဒီအာရေးဘီးယားကျန်းမာရေးဝန်ကြီးက Arab News သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
ဘုရားဖူးလာရောက်တဲ့ လူဦးရေ ၁.၃ သန်းကို ဆော်ဒီအာရေးဘီးယားနိုင်ငံက အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု တွေ ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောပါတယ်။ မူဆလင် ၁.၈ သန်းဟာ ဟာ့ဂျ်ခရီးစဉ်အတွက် ဇွန်လ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဆော်ဒီအာရေးဘီး ယားနိုင်ငံတစ်ဝန်း ခရီးသွားလာခဲ့ကြကြောင်း ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီကာလက မက္ကာမြို့ရဲ့အပူချိန်က ၁၁၇ ဒီဂရီကနေ ၁၂၀ ဒီဂရီအထိရှိကြောင်း ဆော်ဒီမိုးလေဝသ အာဏာ ပိုင်တွေက ပြောပါတယ်။
မက္ကာမှာရှိတဲ့ ဂရန်းဗလီ (Grand Mosque) မှာ အပူချိန် ၁၂၅ ဒီဂရီအထိ မြင့်တက်ခဲ့ကြောင်း ClimaMeter အဖွဲ့ က ပြောပါတယ်။
ဟာ့ဂျ်ခရီးစဉ်ဟာ အစ္စလာမ်ဘာသာရဲ့အဓိက အစိတ်အပိုင်းငါးခုထဲက တစ်ခုဖြစ်ပြီး မူဆလင်တိုင်းဟာ တစ် သက်မှာတစ်ကြိမ် ဟာ့ဂျ်ခရီးစဉ်သွားဖို့ ကြိုးစားကြပါတယ်။
အစ္စလာမ်မစ်ပြက္ခဒိန်ရဲ့ သတ်မှတ်အချိန်ကာလမှာ မူဆလင်ဘုရားဖူးတွေဟာ မက္ကာမြို့မှာ သွားရောက်စုရုံးကြ တာဖြစ်ပါတယ်။
ခြောက်ရက်ကြာမြင့်တဲ့ ဘုရားဖူးခရီးစဉ်ဟာ ဘုရားဖူးတွေဟာ အာရာဖတ်တောင်ကုန်းခေါ် ဗိမာန်တစ်ခုကို ၇ ကြိမ်လှည့်ပတ်ရသလို တောင်ကုန်းတွေပေါ်က ဘာသာရေးနေရာတွေကိုလည်း သွားရောက်ဖူးမျှော်ရတဲ့ ဘာ သာရေးဓလေ့တွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။
ဘုရားဖူးတွေဟာ တစ်ရက်ကို ၃ မိုင်ကနေ ၉ မိုင်အထိ လမ်းလျှောက်ရတယ်လို့ ဗြိတိန်နိုင်ငံက အစ္စလာမ်မစ် ယုံကြည်မှုအသင်းတော်က ပြောပါတယ်။
ဆော်ဒီအာရေးဘီးယား ဟာ့ဂျ်နဲ့ အူမ်ရပ်ချ် ဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရေးပေါ်နေရာထိုင် ခင်းတွေ စီစဉ်ပေးစသလို ဟာ့ဂျ်ဗီဇာတွေကိုလည်း ထုတ်ပေးပါတယ်။
ကမ္ဘာပေါ်က နိုင်ငံတိုင်းဟာ ဟာ့ဂျ်သွားခွင့်ရဖို့အတွက် ဟာ့ဂျ်ဗီဇာကို နှစ်စဉ် ခွဲတမ်းနဲ့ရတယ်လို့ဆိုပါတယ်။ ဟာ့ဂျ်အတွက် ဆော်ဒီအာရေးဘီးယားနိုင်ငံကို လာရောက်ဖို့ လေယာဉ်ခရီးစဉ်တွေအတွက်လည်း ကမ္ဘာ တစ်ဝန်းက ခရီးသွားအေဂျင်စီလေးငါးခုကို လိုင်စင်ချပေးထားပါတယ်။
Ref: At least 1,300 religious pilgrims killed by Saudi Arabia heat wave
#PeopleMedia