• Follow Us on

Home ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာဖြစ်အောင်ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌမှာကြား

ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာဖြစ်အောင်ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာဖြစ်အောင်ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ အမှာစကားပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများအနက် လိုအပ်ချက်ရှိသည့် ဆေးရုံများကို အဆင့်မြှင့်တင်မှုများနှင့်တိုးချဲ့မှုများ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း နယ်မြေအတွင်းနေထိုင်သည့် ပြည်သူများ၏ လူဦးရေကို တွက်ချက်၍ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေးရုံ တိုးချဲ့တည်ဆောက်ရန်အတွက် လိုအပ်သည့် မြေနေရာများကိုလည်း စဉ်းစားဆောင်ရွက်ရန်လို ကြောင်း၊ ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ၏ နေအိမ်များထည့်သွင်း တည်ဆောက်ပေးထားရန်လို ကြောင်း၊ ဆေးရုံများအတွက် လိုအပ်သည့် ပါရဂူများကိုလည်း ခန့်အပ်တာဝန်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

 

ပြည်သူတိုင်းကျန်းမာရန်လိုကြောင်း၊ ကျန်းမာမှ ပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ ငယ်ရွယ်စဉ်ကတည်းကပင် အခြေခံကောင်းများရှိရန်လိုကြောင်း၊ ထို့ကြောင့် အစားအသောက်မှအစ ဂရုတစိုက် ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ စနစ်တကျဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြောဆိုဆက်ဆံမှုမှအစ ကုသစောင့်ရှောက်မှုအပိုင်းများတွင်ပါ စနစ်တကျရှိစေလို ကြောင်း၊ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာတစ်ခုဖြစ်သဖြင့် သန့်ရှင်း သပ်ရပ်နေရန်လိုကြောင်း၊ အညစ်အကြေးစွန့်သည့် စနစ်များကိုလည်း အနံအသက်များကင်းရှင်းစေရေး ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

#PeopleMedia


Share this post