ဆွီဒင်နိုင်ငံက ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းများပို့ဆောင်ပေးမည်
PUBLISHED - March 1, 2022
နိုင်ငံတကာ၊ မတ် ၁
ဆွီဒင်နိုင်ငံအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ကာလမှာ တခြားနိုင်ငံကို လက်နက်တင်ပို့ခြင်းမပြုလုပ်ဘူးဆိုတဲ့မူဝါဒကို စွန့်လွှတ်လိုက်ပြီး ယူကရိန်းနိုင်ငံအတွက် တင့်ဖျက်လောင်ချာတွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေတင်ပို့ သွားတော့မယ်လို့ ဆွီဒင်အစိုးရက တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။
“ရုရှားကျူးကျော်စစ်ရန်ကို ကာကွယ်နိုင်ဖို့အတွက် ယူကရီန်းနိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို ထောက်ပံ့ပေး ခြင်းအားဖြင့် ကျွန်တော်မတို့နိုင်ငံလုံခြုံရေးကို ကျွန်တော်တို့ကိုယ်တိုင်ကာကွယ်စောင့်ရှောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာပါ။” လို့ ဆွီဒင်ဝန်ကြီးချုပ် မဒီလီနာအန်ဒါဆင်က ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဘိုဖာ AT-4 လို့ အသိများတဲ့ ပန်ဆာစကော့ 86 တင့်ဖျက်လောင်ချာ အလက် ရေ ၅,၀၀၀ အပါအဝင် တခြားလက်နက်ခဲယမ်းတွေ၊ စစ်မြေပြင်သုံးရိက္ခာထုပ် ၁၃၅,၀၀၀ ထုပ်၊ ကျည်ကာဦးထုပ် ၅,၀၀၀၊ ကျည်ကာအင်္ကျီ ၅,၀၀၀ ပေးပို့သွားမှာဖြစ်ကြောင်းသိရပါတယ်။ ယူကရိန်းနိုင်ငံက ပိုပြီးခေတ်မီတဲ့ Robot-57 တင့်ဖျက်လက်နက်တွေပို့ပေးဖို့ တောင်းဆိုခဲ့တယ်လု့ ဆွီဒင်မီဒီ ယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။
“တင့်ကားတွေ၊ သံချပ်ကာကားတွေကို ပစ်ခတ်နိုင်တဲ့ လက်နက်ကောင်းတွေပို့ပေးဖို့ ယူကရိန်းနိုင်ငံကမေတ္တာ ရပ်ခံလာပါတယ်။ ဒီလက်နက်တွေက အသုံးပြုရလွယ်ကူပြီး ဘယ်စစ်သည်မဆို အထူးတလည်သင်တန်းပေး စရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။” လု့ိ ဆွီဒင်ကာကွယ်ရေးဝန်ကြီး ပီတာဟတ်ကွစ်တ်က ပြောပါတယ်။
ဆွီဒင်နိုင်ငံဟာ စစ်အေးတိုက်ပွဲကာလအပြီးမှာ နိုင်ငံတစ်နိုင်ငံကို မထောက်ပံ့တဲ့မူဝါဒကို တရားဝင်စွန့်လွှတ်ခဲ့ပါ တယ်။ ဒါပေမဲ့ ဘက်မလိုက်မူဝါဒကို ဆက်လက်ကျင့်သုံးပြီး စစ်ရေးအရမဟာမိတ်အဖွဲ့အစည်းတွေမှာပါဝင်ခြင်း မရှိခဲ့ပါဘူး။
ဆွီဒင်နိုင်ငံဟာ ၁၉၉၀ ပြည့်လွန်နှစ်ကာလတွေကတည်းက မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံအဖြစ်ဆက်ဆံခဲ့ ပေမဲ့ ဆွီဒင်နိုင်ငံကိုယ်တိုင်ကတော့ နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။
Ref: Sweden to Send Arms to Ukraine in Break With Tradition: PM
#PeopleMedia
(unicode)
…………………………………………………………
Ref: Sweden to Send Arms to Ukraine in Break With Tradition: PM
#PeopleMedia