• Follow Us on

Home ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်ကို ထိုင်းလေတပ် ရွေးချယ်

ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်ကို ထိုင်းလေတပ် ရွေးချယ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၈

 

တော်ဝင်ထိုင်းလေတပ်ဟာ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို မရွေးဘဲ ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်တွေကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ထိုင်းလေတပ်က အင်္ဂါနေ့ (သြဂုတ်လ ၂၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ပြိုင်ဘက် ကုမ္ပဏီနှစ်ခုစလုံးက သြဂုတ်လ ၂၀ ရက်နေ့မှာ တင်ပြလာတဲ့ နောက်ထပ်အသေးစိတ်အချက်အ လက်တွေကို လေ့လာပြီးနောက် လေတပ်ရွေးချယ်ရေးကော်မတီက အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း လေ တပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ပန်းဖတ်ဒီးဖတ္တနာကူလ်က ပြောပါတယ်။

 

အသေးစိတ်တင်ပြချက်တွေထဲမှာ လေယာဉ်ဝယ်ယူတဲ့အခါ ထိုင်းတပ်မတော်က ပိုမိုအာရုံစိုက်တဲ့ နည်းပညာ လွှဲပြောင်းမှုတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေလို အဓိကအချက်တွေ ပါဝင်ပါတယ်။

 

အခြေခံအချက်အလက်တွေကို အသေးစိတ်ဆန်းစစ်လေ့လာပြီးနောက် လေတပ်ရွေးချယ်ရေးကော်မတီက အမေရိကန်ထုတ် F-16 Block 70/72 တွေကို မရွေးတော့ဘဲ ဆွီဒင်ထုတ် Gripen E/F ဂျက်တိုက်လေယာဉ် တွေကို ရွေးချယ်လိုက်တာဖြစ်ကြောင်း လေတပ်ဗိုလ်ချုပ်ကြီး ပန်းဖတ်ဒီးဖတ္တနာကူလ်က ပြောပါတယ်။

 

ဆွီဒင်နိုင်ငံက Saab ကုမ္ပဏီနဲ့ အမေရိကန် နိုင်ငံက Lockheed Martin ကုမ္ပဏီတို့ထံက တင်ပြထားတဲ့ အသေး စိတ်အချက်အလက်တွေကို ပြည်သူနဲ့ အထက်ဌာနတွေကို ရှင်းလင်းတင်ပြဖို့အတွက် လက်ရှိအချိန်မှာ လေတပ် က ပြင်ဆင်နေကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းလေတပ်ဟာ မကြာခင်မှာ အနားပေးရတော့မယ့် F-16 ဂျက်တိုက်လေယာဉ် တစ်ဒါဇင်ကို စတင် အစား ထိုးဖို့အတွက် ဂျက်တိုက်လေယာဉ်အသစ် ၄ စင်း ဝယ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

 

ထိုင်းလေတပ်ဟာ အစောပိုင်းကတည်းကလည်း ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်တွေကို ပိုမိုသဘော ကျကြောင်း ပြောဆိုခဲ့ပါတယ်။

 

ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့အတွက် ကာကွယ်ရေးဝန်ကြီးသစ်နဲ့ အစိုးရအဖွဲ့ထံက အပြီးသတ်ခွင့်ပြုချက် ကို လက်ရှိအချိန်မှာ စောင့်ဆိုင်းနေတာဖြစ်ပြီး ဝန်ကြီးချုပ်သစ် ပေထောင်တန်ရှင်နာဝပ်တက်လာပြီးနောက် အစိုးရသစ်အဖွဲ့ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဖွဲ့စည်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

 

အသစ်ဝယ်ယူမယ့် ဂျက်တိုက်လေယာဉ်တွေဟာ ထိုင်းလေတပ်ရဲ့ စွမ်းရည် ပိုမိုတိုးတက်လာဖို့အတွက် အရေး ကြီးတဲ့အခန်းကဏ္ဍက ပါဝင်လာမှာဖြစ်ပြီး လေယာဉ်ဝယ်ယူရေးရွေးချယ်မှုအတွက် ယုံကြည်မှုရှိကြောင်း လေ တပ်ဗိုလ်ချုပ်ကြီးပန်းဖတ်ဒီးက ပြောပါတယ်။

 

Ref: Air force chooses Gripen jets from Sweden

 

#PeopleMedia


Share this post