ဆန္ဒပြသူ ပါလက်စတိုင်းများကို အစ္စရေးက သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - March 29, 2019
မတ် ၂၇ ရက်က အနောက်ဘက်ကမ်းခြေတွင် ဆန္ဒပြသူ ပါလက်စတိုင်းများကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရာဘာကျည်ဖြင့်ပစ်ခတ်ရာ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။
ဆန္ဒပြသူများသည် တာယာများကို မီးရို့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း စသည်များကို ပြုလုပ်ခဲ့ခြင်းကြောင့် အစ္စရေး လုံခြုံရေးအဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ခြင်းဖြစ်သည်။
မတ် ၂၅ ရက်တွင် ဂါဇာကမ်းမြောင်မှ ပစ်လိုက်သော ဒုံးကျည်သည် တဲအဗစ်မြို့ရှိ နေအိမ်တစ်လုံးကို ထိမှန်ခဲ့ပြီး အစ္စရေးခုနစ်ဦး ဒဏ်ရာရရှိပြီးနောက် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဂါဇာမြို့ကို လေယာဉ်များဖြင့်တိုက်ခိုက်ခဲ့သည်။
ပါလက်စတိုင်း စစ်သွေးကြွများကလည်း မတ် ၂၆ ရက်တွင် ဒုံးကျည်ဖြင့် အစ္စရေးဘက်သို့ပြန်လည်တိုက်ခိုက်ခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မူများသည် ၂၀၁၄ နောက်ပိုင်း ပာားမက်စ်ပစ်မှတ်များကိုအကြီးကျယ်ဆုံး တိုက်ခိုက်မူဖြစ်ကြောင်း ၀န်ကြီးချုပ် နေတန်ယာပာုက ပြောကြားခဲ့သည်။
https://www.facebook.com/303185163868226/videos/361903291082428/