ဇနီးဖြစ်သူကို သတ်ပြီး ရွှေထည်နှင့် ငွေများ ယူဆောင်ပြီး ထွက်ပြေးသည့် အမျိုးသား ဖမ်းဆီးရမိ
PUBLISHED - August 12, 2023
နေပြည်တော်၊ သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မိုးဇာရပ်တွင် အမျိုးသားဖြစ်သူမှ ဇနီးဖြစ်သူကိုသတ်ပြီး ရွှေထည်နှင့် ငွေများယူဆောင်ပြီး ထွက်ပြေးသည့် အမျိုးသားကို ဖမ်းဆီးရရှိကြောင်း သိရသည်။
သြဂုတ်လ ၉ ရက် နံနက်ခင်းအချိန်တွင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံ လူမှုကူညီရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီပေးခဲ့ ကြောင်း သိရသည်။
ထိုသတ်ဖြတ်ခံရသည့် အမျိုးသမီးမှာ အသက် (၇၁) နှစ်ရှိပြီး ၎င်းကိုသတ်ဖြတ်သည့် အမျိုးသားဖြစ်သူမှာ အသက် (၄၅) နှစ်အရွယ်ရှိကြောင်း၊ အမျိုးသားမှ ဇနီးဖြစ်သူ၏ လည်ပင်းနှင့် ရင်ဘက်တို့ကို ဓားဖြင့် (၁၃) ချက်ထိုးသတ်သွားကြောင်း၊ ထိုသတ်ဖြတ်ပြီး ထွက်ပြေးသည့် အမျိုးသားကို တာဝန်ရှိသူများမှ ဖမ်းဆီးရရှိ ကြောင်း သိရသည်။
Photo – Credit
#PeopleMedia