• Follow Us on

Home ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ကာ ပစ္စည်းယူသည့် ကျူးလွန်သူ (၃)ဦး ဖမ်းဆီးရမိ

ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာတွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ကာ ပစ္စည်းယူသည့် ကျူးလွန်သူ (၃)ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း (၁၃)၌ အသက် (၆၁)အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများ လုယက်သွားသူ (၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ (၇)ရက် နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်က သုခတော်ဝင်အိမ်ရာ တိုက်အမှတ် (K1)၊ အခန်းအမှတ် (၁၃)တွင် နေထိုင်သည့် အသက် (၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တိုက်ခန်းအဝင် ဧည့်ခန်း ကြမ်းပြင်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ယာဘက်နံကြားထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲဘက်နံကြား ထိုးသွင်းဒဏ်ရာ (၁)ချက်တို့ရရှိပြီး ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမျိုးသမီးကို သတ်ဖြတ်မှု ကျူးလွန်သူ (၃)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ CCTV မှတ်တမ်းများဖြင့် စစ်ဆေးပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအမျိုးသမီး ပုံမှန် ငှါးစီးနေကျဖြစ်သည့် ဆိုင်ကယ် ကယ်ရီသမား၊ အလုပ်သမားနှင့် နေအိမ်အဝင်အထွက် ရှိသူ စုစုပေါင်း (၃) ဦးက ၎င်းအမျိုးသမီးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသွားသည့် အသက် (၆၁)နှစ်အရွယ် အမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဇာတိဖြစ်ပြီး  သုခတော်ဝင်အိမ်ရာအတွင်းရှိ ၎င်းပိုင်ဆိုင်သော တိုက်ခန်းများကို ငှားရမ်းခြင်း လုပ်ကိုင်သူဖြစ်ကာ  တိုက်အမှတ်(K-1)၊ အခန်း(၁၃)တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ (၁၀)ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိ ရပ်ကွက်တွင် (၃)လောင်းပြိုင် လူသတ်မှု ကျူးလွန်ပြီး ကားတစ်စီးနှင့် ဖုန်း သုံးလုံးကို လုယက်ခဲ့သူ (၅)ဦးအား သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post