• Follow Us on

Home ဇရပ်ကြီးမြို့တွင် KNLA/PDF များက ပရဟိတလုပ်ငန်းသုံးယာဉ်များအသုံးပြု၍ လက်နက်/ခဲယမ်းသယ်ဆောင် ခြင်းများ လုပ်ဆောင်နေ

ဇရပ်ကြီးမြို့တွင် KNLA/PDF များက ပရဟိတလုပ်ငန်းသုံးယာဉ်များအသုံးပြု၍ လက်နက်/ခဲယမ်းသယ်ဆောင် ခြင်းများ လုပ်ဆောင်နေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

 

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ် မတော်မှ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည် တွန်း လှန် တိုက်ထုတ်ခဲ့သည်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယမန်နေ့နံနက် ၆ နာရီခန့်တွင် ဇရပ်ကြီးမြို့အတွင်း အသေးစိတ်ရှင်းလင်းခြင် းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဇရပ်ကြီးဒေသဖွံ့ဖြိုးရေးအတွက် အထူး အရေးပါသည့် ကျွဲပွဲ – ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ( အရှည် ၁၂၀၀ ပေ ) သံကူ ကွန်ကရစ် အမျိုးအစား အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော မြို့ဆိုးတံတားအား ဖေဖော်ဝါရီ ၇ ရက် နေ့ နံနက် ၄ နာရီခွဲအချိန်တွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ဇရပ်ကြီးမြို့သို့ အချိန်မီ မရောက်ရှိစေရေး အတွက် တံတားလုံခြုံရေးတပ်ဖွဲ့ဝင် များအား အင်အားသုံးပစ်ခတ်တိုက်ခိုက်၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ ပြီးမှ ဇရပ်ကြီးမြို့အတွင်းရှိ နယ်မြေခံတပ်ရင်းအား အာရုဏ်ဦးဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ ရှိရကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း ဇရပ်ကြီးမြို့ အရှေ့ဘက်အခြမ်းတွင် ရှင်းလင်းမှုများ ဆောင် ရွက်ခဲ့ရာ ဇရပ်ကြီးမြို့အတွင်းနှင့် တပ်ရင်းဌာန ချုပ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအတွင်း ကားလမ်းဘေးနေရာ တစ်ခု၌ လမ်းဘေး ထိုးကျ ပျက်စီးနေသည့် အလင်းစေတမန် ပရဟိတ အသင်းလူနာ သယ် ယာဉ်တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ်တွင် သောင်းကျန်းသူ အလောင်း အချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ် အကြောင်းပြ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

 

တစ်ချိန်တည်းတွင် ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ် ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ခိုအောင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား ပြီးနောက် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ကားလမ်းဘေးအဆောက်အဦအတွင်း သောင်းကျန်းသူအလောင်းအချို့နှင့်အတူ ထပ်မံသိမ်းဆည်းရရှိခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post