• Follow Us on
Latest News

Home ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA/PDF အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်တပ်မတော် သားများ၏ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး

ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA/PDF အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်တပ်မတော် သားများ၏ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး

Share this post

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၈

 

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယမန်နေ့နံနက် ၄ နာရီခန့်တွင် တပ်ရင်း၏ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှနေ၍ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်း ဖြင့် တိုက်ခိုက်ခဲ့ ပြီး တစ်ချိန်တည်းတွင် မြို့ဆိုးတံတား လုံခြုံရေးစခန်းနှင့် နှစ်တန့်ကူးတံတားလုံခြုံရေး စခန်း များအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများက ရွပ်ရွပ်ချွံချွံ ပြန်လည် တွန်းလှန်တိုက်ခိုက်ခဲ့သည့်အပြင်  တိုက်ခိုက်ခံရသည်နှင့် တစ်ပြိုင်နက် တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို ဟန်ချက်ညီစွာဖြင့် ပစ်ကူပေးပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် စစ်ကူစစ်ကြောင်းများက တိုက်ခိုက်ခံရသည့် တပ်ရင်းဌာနချုပ်သို့ သွားရောက်ပူးပေါင်း နိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ တိုက်ပွဲဖြစ်ပွားချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ အကြမ်းဖက်သမားများ ခိုအောင်း နေသည့်နေရာများသို့ တိကျစွာဖြင့် ပစ်ခတ်နှိမ် နင်းမှုများ ပြုလုပ်ခဲ့ရာ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာဖြင့် မွန်းလွဲ ၂ နာရီခန့် တွင် အနောက်ဘက်နှင့် မြောက်ဘက်တို့သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ၏ အလောင်းလက်နက်အချို့ သိမ်း ဆည်းရမိ ခဲ့ကာ  အဆိုပါ အကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးရာနေရာများသို့ တပ်မတော်မှ သောင်းကျန်းသူချေမှုန်းမှုစစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#Peoplemedia


Share this post