• Follow Us on
Latest News

Home ဇာပိုးရီဇဲယားနျူကလီးယားဓာတ်အားပေးစက်ရုံ အမေရိကန်လက်ထဲ လွှဲပေးမယ့်ကိစ္စ ထရမ့်နဲ့ ဆွေးနွေးခဲ့ကြောင်း ဇီလန်စကီးပြော

ဇာပိုးရီဇဲယားနျူကလီးယားဓာတ်အားပေးစက်ရုံ အမေရိကန်လက်ထဲ လွှဲပေးမယ့်ကိစ္စ ထရမ့်နဲ့ ဆွေးနွေးခဲ့ကြောင်း ဇီလန်စကီးပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၀

 

ယူကရိန်းနိုင်ငံတောင်ပိုင်းက ရုရှားတပ်တွေ ထိန်းသိမ်းထားတဲ့ ဇာပိုးရီဇဲယားနျူကလီးယားဓာတ်အားပေးစက်ရုံကို အမေ ရိကန်ကို ပိုင်ဆိုင်ခွင့်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးခဲ့ကြောင်း ယူကရိန်း သမ္မတ ဗလာဒီမာဇီလန်စကီးက မတ်လ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။

 

ရုရှားနဲ့ အပစ်ရပ်ဖို့အတွက် နောက်ဆုံးကြိုးပမ်းမှုအဖြစ် အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေကို ရယူထိန်းသိမ်းပြီး လည်ပတ်နိုင်ကြောင်း ထရမ့်က ဇီလန်စကီးကို ဗုဒ္ဓဟူးနေ့က ပြောခဲ့ြ့ပီး နောက်မှာ ဇီလန်စကီးက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“ရုရှားတွေရဲ့ ထိန်းသိမ်းမှုအောက်ရောက်နေတဲ့ ဓာတ်အားပေးစက်ရုံတစ်ခုတည်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။” လို့ ဖင်လန်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဇီလန်စကီးက အွန်လိုင်းရှင်းလင်းပွဲတစ် ခုမှာ ပြောကြားခဲ့ပါတယ်။

 

ဥရောပဒေသရဲ့ အကြီးဆုံးဖြစ်တဲ့ ဇာပိုးရီဇဲယားနျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားတပ်တွေ ထိုးစစ်စတင်ခဲ့တဲ့ အစောပိုင်းကာလကတည်းက ရုရှားတပ်တွေက သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။

 

အဲဒီစက်ရုံ ပြန်လည်လည်ပတ်ဖို့အတွက် နှစ်နှစ်ကျော်အချိန်ယူရဦးမှာဖြစ်ပြီး အဲဒီစက်ရုံက ထုတ်လုပ်တဲ့လျှပ်စစ်ဓာတ် အားတွေကိုယ ယူကရိန်းနိုင်ငံကရော ဥရောပဒေသကပါ လိုအပ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။ “ကျွန်တော်တို့ အဲဒီစက်ရုံက ဓာတ်အားတွေလိုအပ်သလားဆိုတော့ လိုပါတယ်။

 

ကျွန်တော်တို့ ပြည်သူတွေအတွက် လည်း လိုတယ်။ ဥရောပ အီလက်ထရောနစ်ကွန်ရက်ကို ပူးပေါင်းဖို့အတွက် ကျွန်တော်တို့ အဲဒီကိစ္စတွေအားလုံးကို ဆောင်ရွက်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဇန်နဝါရီလ အာဏာရလာတဲ့အချိန်ကတည်းက အမေရိကန်သမ္မတထရမ့်ဟာ သုံးနှစ်ကြာ ရုရှား-ယူကရိန်းစစ်ပွဲရပ်ဆိုင်း နိုင်ဖို့အတွက် အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ယူကရိန်းမှာ ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲဖို့ဆိုတဲ့ အမေရိကန်ဦးဆောင်တဲ့ အဆိုပြုချက်တစ်ရပ်ကို ဇီလန်စကီးက ပြီး ခဲ့တဲ့အပတ်က လက်ခံခဲ့ပေမဲ့ ရုရှားအစိုးရက ငြင်းပယ်ခဲ့ပြီး အဲဒီအဆိုပြုချက်အစား စွမ်းအင်အခြေခံအဆောက်အအုံတွေ ကို တိုက်ခိုက်တာတွေ ရပ်နားထားဖို့ကိုပဲ အဆိုပြုခဲ့ပါတယ်။

 

ရုရှားပိုင် ကာ့စ်ခ်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် ယူကရိန်းတပ်တွေက ဆက်လက်တိုက်ခိုက်နေသမျှ ကာလပတ်လုံး ပူတင်က ဘယ်အပစ်အခတ်ရပ်စဲရေးကိုမှ သဘောတူမယ့်ပုံမပေါ်ကြောင်း ဖင်လန်က သတင်းထောက်တွေကို ဇီလန် စကီးက ပြောပါတယ်။

 

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ကာ့စ်ခ်ဒေသမှာရှိနေသေးသမျှ သူက အပစ်အခတ်ရပ်စဲရေး သဘောတူချင်ပုံမရပါဘူး။” လို့ ၎င်းက ပြောပါတယ်။ ရုရှားတပ်တွေဟာ ကာ့စ်ခ်ဒေသမှာ တဖြည်းဖြည်း အောင်မြင်မှုတွေ ပိုပြီးရလာသလို ကာ့စ်ခ်ဒေသ ယူကရိန်းတွေ လက်ထဲရောက်နေရင် စေ့စပ်ညှိနှိုင်းရာမှာ အလျှော့အတင်းလုပ်ရမှာ စိုးရိမ်တဲ့အတွက် ဆက်လက်တိုက်ခိုက်နေတယ် လို့ ဆိုပါတယ်။

 

Ref: Zelensky says discussed with Trump US idea of owning occupied nuclear plant

 

#PeopleMedia


Share this post