• Follow Us on
Latest News

Home ဇီလန်စကီးက ပူတင်နဲ့ နယ်မြေလဲလှယ်ဖို့ ကမ်းလှမ်း

ဇီလန်စကီးက ပူတင်နဲ့ နယ်မြေလဲလှယ်ဖို့ ကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို နှစ်နိုင်ငံကို အရောက်ခေါ်ဆောင်လာနိုင်မယ်ဆိုရင် သုံးနှစ်ကြာစစ်ပွဲအဆုံးသတ်နိုင်ဖို့အတွက် နယ်မြေလဲလှယ်ရေးအစီအစဉ်တစ်ရပ်ကို ကမ်းလှမ်းသွားဖို့ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက ပြင်ဆင်နေကြောင်း Politico သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 

“နယ်မြေတစ်ခုအတွက် တခြားနယ်မြေတစ်ခုနဲ့ ကျွန်တော်တို့ လဲလှယ်သွားမှာဖြစ်ပါတယ်။” လို့ အင်္ဂါနေ့က ထုတ်ဝေခဲ့ တဲ့ Guardian နေ့စဉ်သတင်းစာနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ယူကရိန်းတပ်တွေ အလစ်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုရှားပိုင် ကာ့စ်ခ်ဒေ သက နယ် မြေအစိတ်အပိုင်းတချို့ကို ပြန်လည်စွန့်လွှတ်ပေးမှာဖြစ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။ အပြန်အလှန်အားဖြင့် ရုရှားတွေသိမ်းပိုင်ထားတဲ့နယ်မြေတွေကို ယူကရိန်းဘက်က ပြန်တောင်းဖို့ အစီအစဉ်ကို မေးမြန်း ရာမှာ ဇီလန်စကီးက ဖြေဆိုခြင်းမရှိပါဘူး။ “မပြောတတ်သေးဘူး။ ကျွန်တော်တို့ ဆက်ကြည့်သွားရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့နယ်မြေအားလုံး အရေးကြီးတာ ချည်းပါပဲ။ ဘယ်အရာက ပိုအရေးကြီးတယ်လို့ မရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့အတွက် စီစဉ်နေကြောင်း ထရမ့်က အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်သလို ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့လည်း စစ်ပွဲအဆုံးသတ်ရေးဆွေးနွေးနေရာ တိုးတက်မှုတွေရရှိနေကြောင်း ပြောပါတယ်။

 

ရုရှားခေါင်းဆောင်အနေနဲ့ စစ်ပွဲမှာသေကြေပျက်စီးနေတာကို လူတွေကို ရပ်တန့်ခိုင်းစေချင်နေကြောင်း ထရမ့်က ပြော ပေမဲ့ စစ်ပွဲရပ်တန့်ဖို့အတွက် နှစ်ဖက်စလုံးက တစ်ခုခု စွန့်လွှတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ရုရှားနိုင်ငံက ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို မကြာသေးခင်က ဒရုန်းတွေနဲ့ လေးငါးကြိမ် တိုက်ခိုက်ခဲ့သလို ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒွန်းညက်ဒေသကို ဆက်လက်ချီတက်နေပြီး စေ့စပ်ဆွေး နွေးဖို့ လမ်းဖွင့်ထားပုံမရသေးဘူးလို့ ဆိုပါတယ်။

 

“ကာ့စ်ခ်ဒေသမှာ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ နာဇီလက်သစ်တွေဟာ နှစ်မီတာနဲ့ အနက် တစ်မီတာ ခွဲလောက်ရှိတဲ့ နယ်မြေတစ်ခု ( ၆ပေ x ၄ ပေ) ကို ထိန်းချုပ်ထားပါတယ်။” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက တယ်လီဂရမ်မှာ အင်္ဂါနေ့က ရေးသားထားပါတယ်။

 

ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့နှစ်က ယူကရိန်းနယ်မြေ စတုန်းရန်းကီလိုမီတာ ၃၆၀၀ ထပ်မံသိမ်းပိုင်နိုင်ခဲ့ပြီး လက်ရှိအချိန် မှာ ယူကရိန်းနိုင်ငံရဲ့ ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

 

ယူကရိန်းတပ်တွေကတော့ ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ်ခ်ဒေသက စတုရန်းကီလိုမီတာ ၅၀၀ ဝန်းကျင်ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပါတယ်။

 

Ref: Zelenskyy proposes to trade land with Putin, offers to return Kursk

 

#PeopleMedia


Share this post