ဇီးကျွန်းရွာဟောင်းတွင် တောင်ယာစိုက်ပျိုးလုပ်ကိုင်သူများရှိနေသဖြင့် ရွာအမည်ပျက်စာရင်း မထည့်သွင်းရန် ဒေသခံများက ပြည်ထဲရေးဝန်ကြီးဌာနထံ သနားစာတင်ပြ
PUBLISHED - July 18, 2023
မြစ်ကြီးနား၊ ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မုတ်လွဲကျေးရွာအုပ်စုတွင် ပါဝင်ခဲ့သည့် ဇီးကျွန်းရွာဟောင်းနေရာတွင် တောင် ယာအသက်မွေးဝမ်းကျောင်းအနေဖြင့် လုပ်ကိုင်စားသောက်သူများရှိနေ၍ ရွာအမည်ပျက်စာရင်း မထည့်သွင်း ပေးရန် ဒေသခံများက ပြည်ထဲရေးထံသို့ ဇူလိုင်လ (၁၇) ရက်နေ့က အသနားခံစာတင်ပြခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၈ ရက်နေ့တွင် ရွာအမည် ပျက်စာရင်းသွင်းရန် သဘောတူကြောင်း လက်မှတ်ရေးထိုးရန် ကျေးရွာဒေသခံများထံသို့ စာပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဇီးကျွန်းကျေးရွာဟောင်းတွင် ရွာသူရွားသားများ၏ အသက္မွေးဝမ်းကျောင်းအဖြစ် လယ်ယာမြေများ လုပ်ကိုင်နေခြင်းဖြင့်လည်းကောင်း၊ စေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်များရှိနေခြင်း များကိုပြုပြင်ကာ ဘိုးဘွားပိုင်အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းရန်အတွက် ပြည်ထဲရေးထံသို့ သနား ခံစာ ပြန်လည်တင်ရခြင်းဖြစ်ကြောင်း ဇီးကျွန်းရွာဟောင်း နေထိုင်ခဲ့သူ အသက် (၅၀) ကျော် ဦးလေးတစ်ဦးက ရှင်းပြသည်။
“ကျွန်တော်တို့ ရွာဟောင်းက ဘိုးဘွားတွေ လက်ထက်ထဲက ရှိခဲ့တာပါ။ ဘုရားစေတီပုထိုးတွေ၊ လယ်ယာမြေ တွေ၊ အခုဆို ဘိုးဘွားတွေထားခဲ့တဲ့ မြေယာတွေမှာ သီးနှံစိုက်ပျိုးလုပ်ကိုင်နေရင်း အသက်မွေးဝမ်းကျောင်း အတွက် ရုန်းကန်နေရတာပေါ့။ အိမ်ထောင်စုအားလုံးကတော့ မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေထိုင်နေ ကြတယ်” ဟု ၎င်းကပြောသည်။
ဇီးကျွန်းကျေးရွာဟောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက တည်ရှိခဲ့သော ကျေးရွာတစ်ရွာ ဖြစ်သည်သာမက ရှမ်းနီ(တိုင်းလျန်) တိုင်းရင်းသားလူမျိုးများ နေထိုင်ခဲ့သော ကျေးရွာတစ်ရွာလည်း ဖြစ် ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဇီးကျွန်းရွာဟောင်း ဒေသခံများသည် ၎င်းတို့၏ ဘိုးဘွားများ ထားရှိခဲ့သော မြေယာများတွင် သီးနှံစိုက်ပျိုးခြင်း၊ တိရိစ္ဆာန်မွေးမြူခြင်းတို့ဖြင့် မြစ်ကြီးနားမြို့ ဇီးကျွန်းရွာမှ မနက်သွား ညနေပြန်အနေဖြင့် တောင်ယာစိုက်ပျိုးခြင်းနှင့် တစ်ပိုင်တနိုင် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွာဟောင်းသည် ၁၉၇၉ ခုနှစ်တွင် ဧရာဝတီမြစ်ရေကြီးခဲ့၍ ဇီးကျွန်းကျေးရွာအား ရေလွှမ်းမိုးမှုအကြီး မားဆုံးဖြစ်ပွားခဲ့ပြီးနောက် ရေတိုက်စားမှုများကြောင့် ကျေးရွာသူ/ သားများသည် မြစ်တစ်ဖက်ကမ်းရှိ မြစ် ကြီးနားမြို့သို့ ပြောင်းရွှေ့လာရင်း ၂၀၀၄ ခုနှစ်တွင် အပြီးအပိုင် ပြောင်းရွေ့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြတ်မင်း
#PeopleMedia