• Follow Us on

Home ဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္အထိ အထက္တန္းအဆင့္စနစ္သစ္ Grade 10 ႏွင့္ စနစ္ေဟာင္း Grade 11 ကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်ာင္းအပ္လက္ခံမည္ျဖစ္ၿပီး အတန္းငယ္မ်ား မသိရေသး

ဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္အထိ အထက္တန္းအဆင့္စနစ္သစ္ Grade 10 ႏွင့္ စနစ္ေဟာင္း Grade 11 ကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်ာင္းအပ္လက္ခံမည္ျဖစ္ၿပီး အတန္းငယ္မ်ား မသိရေသး

Share this post

ရန္ကုန္၊ ဇူလုိင္ – ၃

ဇူလိုင္ ၁၃ ရက္မွ ၁၇ ရက္အထိ အထက္တန္းအဆင့္စနစ္သစ္ Grade10 ႏွင့္ စနစ္ေဟာင္း Grade 11 ကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်ာင္းအပ္လက္ခံမည္ျဖစ္ၿပီး အတန္းငယ္မ်ားမသိရေသးေၾကာင္း အေျခခံ ပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္၀င္းကေျပာသည္။

အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္၍ ေက်ာင္းအပ္လက္ခံမည့္ကိစၥႏွင့္ပတ္သက္၍ ဇူလိုင္ ၃ ရက္ People Media သတင္းဌာနက ဆက္သြယ္ေမးျမန္းရာတြင္ ပညာေရး၀န္ႀကီးဌာနအေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရး မွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္၀င္းကေျပာသည္။

“ဇူလိုင္ ၁၃ ရက္ကေန ၁၇ ရက္အထိ အဲဒီ ၅ ရက္ကေတာ့ အထက္တန္းအဆင့္စနစ္သစ္ Grade 10 နဲ႔ စနစ္ ေဟာင္း Grade 11 ေက်ာင္းအပ္ႏွံ႔ေရးသီတင္းပတ္။ အဲဒီမွာ သက္ဆိုင္ရာေက်ာင္းေတြမွာ သြားၿပီးအပ္ရမယ္။ ေက်ာင္းသားေတြကို။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၁၂ သိန္းေလာက္ရွိတယ္။ အဲဒီ ၅ ရက္အတြင္းမွာ အပ္ရပါ မယ္။ အပ္တဲ့အခါမွာ ေက်ာင္းေရာက္တာနဲ႔ ပုံမွန္ေထာက္ပံ့ေနက်ပုံႏွိပ္စာအုပ္အခမဲ့ေပးမယ္။ ဒီႏွစ္ထူးၿပီးေတာ့ ဗလာစာအုပ္တစ္ဒါဇင္နဲ႔ ခဲတံႏွစ္ေခ်ာင္းေဘာလ္ပင္ႏွစ္ေခ်ာင္းေပးမယ္။ ေနာက္ကိုဗစ္ကပ္ေရာဂါအတြက္ ကာ ကြယ္ဖို႔ အထူးအေနနဲ႔ အ၀တ္ MASK ၂ ခုနႈန္းနဲ႔ ေပးမယ္။ မ်က္ႏွာကာတဲ့ဟာေပးမယ္။ အတန္းငယ္ေတြက ေတာ့ ထပ္ၿပီးေၾကညာပါလိမ့္မယ္။ အထက္တန္းေတြ၊ အလယ္တန္းေတြဖြင့္လို႔ ဘာမွမျဖစ္ဘူးဆိုရင္ေတာ့ မူလတန္းေတြဖြင့္ပါမယ္”ဟု ၎ကေျပာသည္။

အေျခခံပညာဦးစီးဌာနလက္ေအာက္တြင္ အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္ရွိၿပီး ယခုႏွစ္ ၂၀၂ဝ ျပည့္ႏွစ္ ေက်ာင္းဖြင့္ရာသီတြင္ COVID-19 ကပ္ေရာဂါေၾကာင့္ ေက်ာင္းအပ္လက္ခံခ်ိန္ႏွင့္ ေက်ာင္းမ်ားဖြင့္မည့္ ရက္ အတိအက်ကိုေၾကညာရန္ ေနာက္က်ခဲ့ၿပီး ေက်ာင္းဖြင့္ခ်ိန္မ်ားေရႊ႕ဆိုင္းခဲ့သည္။

“ေက်ာင္းျပန္ဖြင့္တာနဲ႔ ေက်ာင္းခန္းတစ္ခန္းကို အေယာက္ ၂၀ ပဲထားမယ္ဆိုတာလည္း ဒါကပုံေသမဟုတ္ပါ ဘူး။ ဒါကအခန္းတစ္ခန္းရဲ႕ အက်ယ္အ၀န္းေပါ့။ သာမာန္အားျဖင့္ အထက္တန္းအဆင့္၊ အလယ္တန္းအဆင့္ရဲ႕ စာသင္ခန္းသည္ အလ်ားေပ ၃၀၊ အနံ႔ ၂၄ ေပဆိုေတာ့ စတုရန္းေပ ၇၂၀ ရွိတယ္။ အဲဒါဆိုရင္ ေက်ာင္းသား တစ္ေယာက္ရဲ႕ ပိုင္ဆိုင္ခြင့္က စတုရန္းေပ ၃၆ ေပရွိတယ္။ သာမာန္စာသင္ခန္းကေတာ့ ေက်ာင္းသား ၂၀ အတြက္ စီစဥ္ေပးဖို႔ေပါ့။ ခါတိုင္း ေက်ာင္းသားတစ္ခန္းထဲ ၄၀ ဆိုရင္ေတာ့စာသင္ခန္း ၂ ခန္းခြဲရမွာေပါ့။ အဓိက ၆ ေပအကြာခြာထားဖို႔ပါပဲ’’ ဟု ေဒါက္တာတင္ေမာင္၀င္းက ထပ္မံေျပာသည္။

#PeopleMedia #ပညာေရး

(unicode)
ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းအဆင့်စနစ်သစ် Grade 10 နှင့် စနစ်ဟောင်း Grade 11 ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး အတန်းငယ်များ မသိရသေး
……………………………………………………………..

ရန်ကုန်၊ ဇူလိုင် – ၃

ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းအဆင့်စနစ်သစ် Grade10 နှင့် စနစ်ဟောင်း Grade 11 ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး အတန်းငယ်များမသိရသေးကြောင်း အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။

အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းအပ်လက်ခံမည့်ကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၃ ရက် People Media သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။

“ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အထိ အဲဒီ ၅ ရက်ကတော့ အထက်တန်းအဆင့်စနစ်သစ် Grade 10 နဲ့ စနစ် ဟောင်း Grade 11 ကျောင်းအပ်နှံ့ရေးသီတင်းပတ်။ အဲဒီမှာ သက်ဆိုင်ရာကျောင်းတွေမှာ သွားပြီးအပ်ရမယ်။ ကျောင်းသားတွေကို။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၂ သိန်းလောက်ရှိတယ်။ အဲဒီ ၅ ရက်အတွင်းမှာ အပ်ရပါ မယ်။ အပ်တဲ့အခါမှာ ကျောင်းရောက်တာနဲ့ ပုံမှန်ထောက်ပံ့နေကျပုံနှိပ်စာအုပ်အခမဲ့ပေးမယ်။ ဒီနှစ်ထူးပြီးတော့ ဗလာစာအုပ်တစ်ဒါဇင်နဲ့ ခဲတံနှစ်ချောင်းဘောလ်ပင်နှစ်ချောင်းပေးမယ်။ နောက်ကိုဗစ်ကပ်ရောဂါအတွက် ကာ ကွယ်ဖို့ အထူးအနေနဲ့ အဝတ် MASK ၂ ခုနှုန်းနဲ့ ပေးမယ်။ မျက်နှာကာတဲ့ဟာပေးမယ်။ အတန်းငယ်တွေက တော့ ထပ်ပြီးကြေညာပါလိမ့်မယ်။ အထက်တန်းတွေ၊ အလယ်တန်းတွေဖွင့်လို့ ဘာမှမဖြစ်ဘူးဆိုရင်တော့ မူလတန်းတွေဖွင့်ပါမယ်”ဟု ၎င်းကပြောသည်။

အခြေခံပညာဦးစီးဌာနလက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော်ရှိပြီး ယခုနှစ် ၂၀၂ဝ ပြည့်နှစ် ကျောင်းဖွင့်ရာသီတွင် COVID-19 ကပ်ရောဂါကြောင့် ကျောင်းအပ်လက်ခံချိန်နှင့် ကျောင်းများဖွင့်မည့် ရက် အတိအကျကိုကြေညာရန် နောက်ကျခဲ့ပြီး ကျောင်းဖွင့်ချိန်များရွှေ့ဆိုင်းခဲ့သည်။

“ကျောင်းပြန်ဖွင့်တာနဲ့ ကျောင်းခန်းတစ်ခန်းကို အယောက် ၂၀ ပဲထားမယ်ဆိုတာလည်း ဒါကပုံသေမဟုတ်ပါ ဘူး။ ဒါကအခန်းတစ်ခန်းရဲ့ အကျယ်အဝန်းပေါ့။ သာမာန်အားဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ရဲ့ စာသင်ခန်းသည် အလျားပေ ၃၀၊ အနံ့ ၂၄ ပေဆိုတော့ စတုရန်းပေ ၇၂၀ ရှိတယ်။ အဲဒါဆိုရင် ကျောင်းသား တစ်ယောက်ရဲ့ ပိုင်ဆိုင်ခွင့်က စတုရန်းပေ ၃၆ ပေရှိတယ်။ သာမာန်စာသင်ခန်းကတော့ ကျောင်းသား ၂၀ အတွက် စီစဉ်ပေးဖို့ပေါ့။ ခါတိုင်း ကျောင်းသားတစ်ခန်းထဲ ၄၀ ဆိုရင်တော့စာသင်ခန်း ၂ ခန်းခွဲရမှာပေါ့။ အဓိက ၆ ပေအကွာခွာထားဖို့ပါပဲ’’ ဟု ဒေါက်တာတင်မောင်ဝင်းက ထပ်မံပြောသည်။

#PeopleMedia #ပညာရေး


Share this post