• Follow Us on

Home ဇေယျာသီရိမြို့နယ်တွင် စိတ်မနှံသူအမျိုးသမီး ၁ ဦး ကားတိုက်ခံရ၍ သေဆုံး

ဇေယျာသီရိမြို့နယ်တွင် စိတ်မနှံသူအမျိုးသမီး ၁ ဦး ကားတိုက်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ယနေ့ နံနက် ၂ နာရီကျော်အချိန်က စိတ်မနှံသူ အမျိုးသမီး ၁ ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဇေယျာသီရိမြို့နယ်၊ ရွှေတွင်းကုန်းကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် အမျိုးသမီး ၁ ဦးအား ကားနှင့် မတော်တဆတိုက်မိခဲ့၍ ယင်းအမျိုးသမီးမှာ နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် တိုက်သွားသည့် ကားမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

 

သေဆုံးသူ အမျိုးသမီး အလောင်းကို ပြည်သူ့ဆေးရုံကြီး ကုတင် ၁၀၀၀ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post