ဇွန်လတွင် တရုတ်သတင်းစာဆရာများ၏အိမ်များကို သြစတြေးလျထောက်လှမ်းရေးများဝင်ရောက်ရှာဖွေ

PUBLISHED - September 9, 2020
ရှန်ဟိုင်း၊ စက်တင်ဘာ ၉
သြစတြေးလျထောက်လှမ်းရေးအေဂျင်စီဝန်ထမ်းများက တရုတ်သတင်းစာဆရာများ၏အိမ်များကို ဇွန်လတွင်ဝင်ရောက်ရှာဖွေခဲ့ပြီး နာရီပေါင်းများစွာစစ်ဆေးမေးမြန်းခဲ့သည့်အပြင် ကွန်ပြူတာများနှင့်ဖုန်းများကို ဖယ်ရှားသွားကြောင်း တရုတ်အစိုးရသတင်းအေဂျင်စီရှင်ဟွာက အင်္ဂါနေ့တွင်ဖော်ပြသည်။
တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ဘေကျင်းနှင့်ရှန်ဟိုင်းမြို့များရှိ သြစတြေးလျသတင်းစာဆရာ ၂ ယောက်၏အိမ်များကို လာခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ထို ၂ ယောက်က သြစတြေးလျသံရုံး အကူအညီဖြင့်အိမ်ပြန်ခဲ့ချိန်တွင် ရှင်ဟွာက ယခုသတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ဝင်ရောက်စီးနင်းမှုဟုရှင်ဟွာကသုံးနှုန်းထားသောသြစတြေးလျရှာဖွေမှုများကို ဇွန် ၂၆ ရက်တွင် အရေ အတွက်မဖော်ပြထားသောတရုတ်သတင်းစာဆရာများ၏အိမ်များ၌ပြုလုပ်ခဲ့သည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ၏အရင်းအမြစ်ကို နိုင်ငံတကာကစုံစမ်းဖော်ထုတ်ရန် သြစတြေးလျကတောင်းဆိုမှု ကြောင့် ဒေါသထွက်သည်ဟု တရုတ်နိုင်ငံကပြောပြီး ကုန်သွယ်ရေးအရတုံ့ပြန်မည်ဟုကတိပြုခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့်သြစတြေးလျနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးတင်းမာနေသည်။
သြစတြေးလျသတင်းစာဆရာ ၂ ယောက်အိမ်ပြန်သွားပြီးနောက် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း တရုတ်နိုင်ငံတွင် သြစတြေးလျသတင်းစာဆရာတစ်ယောက်မှမရှိတော့ချေ။
(unicode)
ဇွန်လတွင် တရုတ်သတင်းစာဆရာများ၏အိမ်များကို ဩစတြေးလျထောက်လှမ်းရေးများဝင်ရောက်ရှာဖွေ
…………………………………………
ရှန်ဟိုင်း၊ စက်တင်ဘာ ၉
ဩစတြေးလျထောက်လှမ်းရေးအေဂျင်စီဝန်ထမ်းများက တရုတ်သတင်းစာဆရာများ၏အိမ်များကို ဇွန်လတွင်ဝင်ရောက်ရှာဖွေခဲ့ပြီး နာရီပေါင်းများစွာစစ်ဆေးမေးမြန်းခဲ့သည့်အပြင် ကွန်ပြူတာများနှင့်ဖုန်းများကို ဖယ်ရှားသွားကြောင်း တရုတ်အစိုးရသတင်းအေဂျင်စီရှင်ဟွာက အင်္ဂါနေ့တွင်ဖော်ပြသည်။
တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ဘေကျင်းနှင့်ရှန်ဟိုင်းမြို့များရှိ ဩစတြေးလျသတင်းစာဆရာ ၂ ယောက်၏အိမ်များကို လာခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ထို ၂ ယောက်က ဩစတြေးလျသံရုံး အကူအညီဖြင့်အိမ်ပြန်ခဲ့ချိန်တွင် ရှင်ဟွာက ယခုသတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ဝင်ရောက်စီးနင်းမှုဟုရှင်ဟွာကသုံးနှုန်းထားသောဩစတြေးလျရှာဖွေမှုများကို ဇွန် ၂၆ ရက်တွင် အရေ အတွက်မဖော်ပြထားသောတရုတ်သတင်းစာဆရာများ၏အိမ်များ၌ပြုလုပ်ခဲ့သည်။
ရှာဖွေမှုအကြောင်းထုတ်မပြောရန် အမိန့်ပေးထားသည်ဟုလည်းဖော်ပြထားသော်လည်း ကိုးကားထားသော သတင်းရင်းမြစ်မပါဝင်ချေ။
COVID-19 ကမ္ဘာ့ကပ်ရောဂါ၏အရင်းအမြစ်ကို နိုင်ငံတကာကစုံစမ်းဖော်ထုတ်ရန် ဩစတြေးလျကတောင်းဆိုမှု ကြောင့် ဒေါသထွက်သည်ဟု တရုတ်နိုင်ငံကပြောပြီး ကုန်သွယ်ရေးအရတုံ့ပြန်မည်ဟုကတိပြုခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့်ဩစတြေးလျနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးတင်းမာနေသည်။
ဩစတြေးလျသတင်းစာဆရာ ၂ ယောက်အိမ်ပြန်သွားပြီးနောက် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း တရုတ်နိုင်ငံတွင် ဩစတြေးလျသတင်းစာဆရာတစ်ယောက်မှမရှိတော့ချေ။
Ref : Australian intelligence raided Chinese journalists’ homes in June: Xinhua