• Follow Us on
Latest News

Home ဈေးနှုန်းသက်သာတဲ့ ခရုစ်ဒုံးကျည်တွေထုတ်လုပ်ဖို့ မိတ်ဖက်ပညာရှင်တွေ အမေရိကန်လေတပ်ရှာဖွေနေ

ဈေးနှုန်းသက်သာတဲ့ ခရုစ်ဒုံးကျည်တွေထုတ်လုပ်ဖို့ မိတ်ဖက်ပညာရှင်တွေ အမေရိကန်လေတပ်ရှာဖွေနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀

 

အမေရိကန်လေတပ် လက်နက်သုတေသနဌာန AFWERX ဟာ ဈေးနှုန်းသက်သာတဲ့ ခရုစ်ဒုံးကျည်တွေ ဒီဇိုင်း ရေးဆွဲထုတ်လုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မယ့် မိတ်ဖက်ကုမ္ပဏီတွေ ရှာဖွေနေကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

အမေရိကန်လေတပ်ဟာ နည်းပညာကုမ္ပဏီတွေက ကျွမ်းကျင်ပညာရှင်တွေရဲ့ စွမ်းအားကိုအသုံးချပြီး လေတပ် က လိုချင်နေတဲ့ ခရုစ်ဒုံးကျည်တွေကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အဲဒီခရုစ်ဒုံးကျည်ဟာ အကွာအဝေး ရေမိုင် ၅၀၀ (၉၂၆ ကီလိုမီတာ/ ၅၇၅ မိုင်) အထိ ပစ်ခတ်နိုင်ရမှာဖြစ်ပြီး လက်ကားဈေးနှုန်း ဒုံးကျည်တစ်ယူနစ်ကို ဒေါ်လာ ၁၅၀၀၀၀ ဝန်းကျင်နဲ့ ဝယ်ယူနိုင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

 

လေတပ်သုတေသနဓာတ်ခွဲဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မိတ်ဖက်ကုမ္ပဏီက ပညာရှင်တွေရှာဖွေရာမှာ AFWERX ရဲ့ လက်နက်စီမံချက်အမှုဆောင်ရုံး (PEO) က ဦးဆောင်ရှာဖွေနေတာဖြစ်ပါတယ်။

 

အသေးစိတ်စီမံချက်တွေကို အခြေခံထားတဲ့ စီမံချက်ကနဦးအဆင့်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

 

အဲဒီကနဦးအဆင့်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေနဲ့အညီ မူကွဲဒုံးကျည်တွေကို ဒီ ဇိုင်းရေးဆွဲပေးဖို့ အဖွဲ့တွေကို တာဝန်တွေခွဲဝေပေးခဲ့ပြီးဖြစ်ပြီး အဲဒီဒုံးကျည်လက်နက်စနစ်ဟာလည်း မဟာမိတ် နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေမှာ အသုံးပြုနိုင်တဲ့လက်နက်စနစ်ဖြစ်ရမယ်လို့ ဆိုပါတယ်။

 

စီမံချက်ထဲမှာပါဝင်ဆောင်ရွက်နေသူတွေကတော့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် လင်ကွန်းသုတေသ နဌာန၊ ကင်ဆတ်မြို့ အမျိုးသားလုံခြုံရေးတက္ကသိုလ်နယ်မြေခွဲ၊ စန်ဒီယာအမျိုးသားသုတေသနဓာတ်ခွဲခန်း၊ ဂျော်ဂျီယာနည်းပညာသုတေသနအင်စတီကျု၊ ဂျွန်ဟော့ကင်းတက္ကသိုလ် အသုံးချရူပဗေဒသုတေသနဓာတ်ခွဲ ခန်း၊ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် သုတေသနနဲ့ အင်ဂျင်နီယာဌာန (MITRE Corporation) တို့က အထူးကျွမ်းကျင်ပညာရှင်တွေပါဝင်တယ်လို့ သိရပါတယ်။

 

“စီမံချက်လုပ်ငန်းကို တိတိကျကျဆောင်ရွက်နိုင်ရေး တည်ဆောက်မှုနဲ့ လော်ဂျစ်စတစ်ထောက်ပံ့ရေးအတွက် လမ်းညွှန်ချက်တွေကို AFWERX သုတေသနဌာနက ထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီလိုထောက်ပံ့ပေးထားတဲ့အ တွက် လုပ်ငန်းတစ်ခုလုံး လော်ဂျစ်စတစ်အရ ဂရုတစိုက်ဆောင်ရွက်ဖို့ အစိုးရအတွက် တကယ့်ကိုလွယ်ကူသွား စေခဲ့ပါတယ်။” လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်အဖွဲ့ဝင် ဟတ္တလေး ပို့စ်တယ်လ်သာဝိတ်က ပြောပါတယ်။

 

စီမံချက်ဒုတိယအဆင့်ကို အခုနှစ်အတွင်း ဆောင်ရွက်ဖို့ စီစဉ်ထားပြီး ဒုံးကျည်ထုတ်လုပ်မှုအရေးကြီးတဲ့အစိတ် အပိုင်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လု့ိ ဆိုပါတယ်။

 

Ref: US Air Force Opens Competition to Develop Low-Cost Cruise Missiles

 

#PeopleMedia


Share this post