ဈေးပေါတဲ့ မြန်မာရော်ဘာတွေ ထိုင်းနိုင်ငံထဲ မှောင်ခိုဝင်လာမှာစိုးရိမ်တဲ့အတွက် နယ်စပ်လမ်းကြောင်းကို ရနောင်းပြည်နယ်အစိုးရ လုံခြုံရေးတင်းကျပ်ထား
PUBLISHED - December 8, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၈
မြန်မာနိုင်ငံက စားအုန်းဆီနဲ့ ရော်ဘာလို ဈေးပေါတဲ့လယ်ယာထွက်ကုန်ပစ္စည်းတွေ ထိုင်းနိုင်ငံထဲကို မှောင်ခို လမ်းကြောင်းကတစ်ဆင့်တင်သွင်းလာမှာကို ကာကွယ်ဖို့တွက် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရေလမ်း ကြောင်းတစ်လျှောက် လုံခြုံရေးတင်းကျပ်စွာချထားဖို့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းပြည်နယ်အစိုးရက အမိန့် ထုတ်လိုက်ပါတယ်။
ထိုင်းလယ်သမားတွေကို ကူညီထောက်ပံ့ဖို့အတွက် ရော်ဘာဈေးနှုန်းတွေကို တိုးမြှင့်ပေးပြီး ဝယ်ယူဖို့ ထိုင်းအစိုး ရက ဈေးနှုန်းအာမခံချက်ကြေညာလိုက်ပြီးနောက်မှာ ရနောင်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က အခုလို အမိန့်ထုတ် လိုက်တာဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းက ဈေးနှုန်းအာမခံချက်မူဝါဒကို ကြေညာလိုက်တဲ့အတွက် မှောင်ခိုကုန်သည်တွေက မြန်မာ နိုင်ငံက ဈေးပေါတဲ့ရော်ဘာတွေကို ထိုင်းနိုင်ငံထဲမှာ ပြန်လည်ရောင်းချဖို့ တရားမဝင်တင်သွင်းလာမှာကို စိုးရိမ် နေကြပါတယ်။
ရနောင်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဟာ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၎င်းတို့ရေပိုင်နက် နယ်စပ်တစ် လျှောက်မှာ ထပ်မံတိုးမြှင့်ပြီး တပ်ဖြန့်ချထားလိုက်ပါတယ်။
နယ်စပ်ရေလမ်းကြောင်းတစ်လျှောက် လုံခြုံရေးတင်းကျပ်စွာကင်းလှည့်နေမှုကို အရှိန်မြင့်ဆောင်ရွက်ပြီး မှောင် ခိုဝင်လာမယ့်သူတွေကို စေ့စေ့စပ်စပ် စစ်ဆေးရှာဖွေဖို့ အဲဒီစစ်သားတွေနဲ့ ရဲတွေကို ညွှန်ကြားထားပါတယ်။
မှောင်ခိုလမ်းကြောင်း နှိမ်နှင်းရေးအတွက် ရနောင်းပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဟာ မြန်မာ နစက အစိုးရအာဏာ ပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသမှောင်ခိုတိုက်ဖျက်မှုစစ်ဆင်ရေးဆောင်ရွက်ရာမှာ သတင်းအချက်အလက်တွေ အပြန်အလှန်ဖ လှယ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီထားတယ်လို့ ဆိုပါတယ်။
Ref: Ranong locks down border to prevent cheap Myanmar rubber flooding Thailand
#PeopleMedia