• Follow Us on

Home ဈေးသက်သာပြီး အရည်အသွေးမမီတဲ့ တရုတ်ပစ္စည်းတွေ အလုံးအရင်းလှိမ့်ဝင်နေတာကို ထိုင်းလူမျိုးတွေ စိုးရိမ်နေ

ဈေးသက်သာပြီး အရည်အသွေးမမီတဲ့ တရုတ်ပစ္စည်းတွေ အလုံးအရင်းလှိမ့်ဝင်နေတာကို ထိုင်းလူမျိုးတွေ စိုးရိမ်နေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၃

 

ဈေးသက်သာပြီး အရည်အသွေးမမီတဲ့ တရုတ်ထုတ်ကုန်ပစ္စည်းတွေ အွန်လိုင်းနဲ့ မြေပြင်လမ်းကြောင်းတွေက တစ်ဆင့် ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ဝင်ရောက်နေတာဟာ အရေးကြီးတဲ့ပြဿနာတစ်ရပ်ဖြစ်လာကြောင်း ထိုင်းစီးပွားရေး အသိုင်းအဝိုင်းက ပြောပါတယ်။

 

အဲဒီအဆင့်မမီတဲ့ကုန်ပစ္စည်းတွေဟာ ထိုင်းစီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံက အပေါစားပစ္စည်းတွေကို ကြားခံ ကုမ္ပဏီတစ်ခုမှ မရှိဘဲ တိုက်ရိုက်ရောင်းချနေတဲ့ တရုတ် Temu အွန်လိုင်းရောင်းဝင်ရေးကုမ္ပဏီက ထိုင်းဈေးကွက်ထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပြီးနောက် အခုပြဿနာဖြစ် လာတာလို့ဆိုပါတယ်။

 

အဲဒီလို တရုတ်အွန်လိုင်း ကုမ္ပဏီက အပေါစားပစ္စည်းတွေ အလုံးအရင်းတင်သွင်းလာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်လာမှာ စိုးရိမ်လာကြသလို အခြေအနေတွေကို ကိုင်တွယ်ထိန်းသိမ်းနိုင်ရေးအတွက်လည်း အဲဒီ တရုတ်အွန်လိုင်း ကုမ္ပဏီကို အခွန်ကောက်ဖို့ တောင်းဆိုနေကြပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံတစ်ဝန်း အဓိကမြို့ကြီးတွေမှာ တရုတ်တွေဟာ ကုန်စုံဆိုင်/စတိုးဆိုင်တွေကိုလည်း အများ အပြားဖွင့်လှစ်လာတဲ့အတွက် ကုန်ပစ္စည်းအရည်အသွေးညံ့ဖျင်းပြီး ဈေးလျှော့ရောင်းမှာတွေကို စိုးရိပူပန်လာသ လို အလားတူဆိုင်တွေ တိုးပွားလာတာကိုလည်း ထိုင်းလူမျိုးတွေက စိုးရိမ်နေကြပါတယ်။

 

ပြည်သူတွေရဲ့ စိုးရိမ်မှုကို တုံ့ပြန်ရာမှာ “ထိုင်းအစိုးရအနေနဲ့ ဒီပြဿနာမျိုးတွေကို ထိုင်း-တရုတ် နှစ်နိုင်ငံဆက် ဆံရေးအကျိုးအတွက် ကုန်သွယ်မှုပိတ်ပင်တားဆီးတာတို့၊ သွင်းကုန်ခွန် စည်းကြပ်ကောက်ခံတာတို့လုပ်ပြီး ကိုင်တွယ်ဖြေရှင်းမှာမဟုတ်ကြောင်း” ဒုတိယဝန်ကြီးချုပ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက တနင်္ဂ နွေနေ့ (သြဂုတ်လ ၁၁ ရက်နေ့) က ပြောပါတယ်။

 

“တရုတ်နိုင်ငံဟာ ထိုင်းလယ်ယာထွက်ကုန်ပစ္စည်းတွေ လေးငါးမျိုးတင်ပို့နေတဲ့ အဓိက ပြည်ပပို့ကုန်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက တရုတ်ပစ္စည်းတွေကို ကုန်သွယ်ရေးပိတ်ပင်တားမြစ်မှုတစ်ရပ် ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ထိုင်းနိုင်ငံ ကနေ တရုတ်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေဟာလည်း တရုတ်ရဲ့ တန်ပြန်အရေးယူမှုကြောင့် ရပ်တန့်သွားမှာ ဖြစ်ကြောင်း” ၎င်းက ပြောပါတယ်။

 

ဖီယူထိုင်းပါတီဦးဆောင်တဲ့အစိုးရဟာ တရုတ်ထုတ်ပစ္စည်းတွေ အလုံးအရင်းဝင်ရောက်နေတာကို အရေးယူ ဆောင်ရွက်ဖို့ အလွယ်တကူ ငြင်းဆန်နေတယ်လို့ ပြောဆိုရင်း ချွန်ဘူရီပြည်နယ်က ပြည်သူ့ပါတီ (People’s Party) ရဲ့ လွှတ် တော်အမတ် ဆာဟက်ဆာဝတ်ကမ်ကောင်းက မစ္စတာဖမ်သမ်ရဲ့ ပြောဆိုမှုကို ပြင်းပြင်းထန် ထန်ဝေဖန်လိုက်ပါတယ်။

 

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ အခုအချိန်အထိ ၁၁ နှစ် ဆက်တိုက် ကုန်သွယ်မှုလိုငွေပြနေပြီး ပြီး ခဲ့တဲ့ ၂ နှစ်ကဆိုရင် ကုန်သွယ်မှုလိုငွေဟာ ဒေါ်လာ ၃၆ ဘီလျံ (ဘတ်ငွေ ၁.၂၇ ထရီလီယန်) ရှိကြောင်း ၎င်းက ပြောပါတယ်။

 

မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့အပါအဝင် တခြား အာဆီယံနိုင်ငံတွေလည်း တရုတ်နဲ့ဆက်ဆံရာမှာ အဲဒီ လို ဈေးပေါပြီး အရည်အသွေးမမီတဲ့ပစ္စည်းတွေတင်သွားလာတဲ့ အလားတူပြဿနာမျိုးတွေကို ရင်ဆိုင်နေရတာ ကြောင့် ထိုင်းနိုင်ငံက ဒီပြဿနာကို ဖြေရှင်းဖို့ အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းကို ကျင့်သုံးသင့် ကြောင်း ၎င်းက ပြောပါတယ်။

 

“ပထမဦးဆုံးအနေနဲ့ ထိုင်းနိုင်ငံနဲ့ တခြားနိုင်ငံတွေကို လှိမ့်ဝင်နေတဲ့ တရုတ်အရင်းအနှီးတွေဟာ တကယ့်ပြ ဿနာတစ်ရပ်ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို ထိုင်းအစိုးရက လက်ခံရမှာဖြစ်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

ထိုင်းအစိုးရဟာ ဒီပြဿနာနဲ့ပတ်သက်ပြီး အခုအချိန်အထိ အလေးထား အရေးယူဆောင်ရွက်ဖို့ မပြောနဲ့ တရုတ်နိုင်ငံထဲမှာ ရောင်းမစွံတဲ့ပစ္စည်းတွေကို ထိုင်းနိုင်ငံအွန်လိုင်းဈေးကွက်ကတစ်ဆင့် အမြတ်ထုတ်ရောင်းစွံ ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုထားတဲ့ စာလေးတစ်စောင်တောင် တရုတ်ကုမ္ပဏီကို မပို့ခဲ့ဖူးဘူးလို့ ၎င်းက ပြောပါတယ်။

 

“(ထိုင်းအစိုးရက ရှှုမြင်ထားတဲ့) အလားအလာရှိတဲ့ ကုန်သွယ်ရေး အခွင့်လမ်းတွေဆိုတာ တရုတ်နဲ့ဆက်ဆံ ရာမှာ ပေါ်ထွက်လာတဲ့ ကုန်သွယ်ရေးလိုငွေပြမှုအခြေအနေကနေ ထိုင်းနိုင်ငံကို ဘယ်တော့မှ ကာကွယ်ပေးနိုင် မှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Substandard Chinese goods causing alarm in Thailand

 

#PeopleMedia


Share this post