• Follow Us on

Home ဈေးအရောင်းအဝယ်စင်တာများတွင် ဆန်အိတ်များအား ဈေးနှုန်းသက်သာစွာဖြင့် ပြန်လည်ရောင်းချ

ဈေးအရောင်းအဝယ်စင်တာများတွင် ဆန်အိတ်များအား ဈေးနှုန်းသက်သာစွာဖြင့် ပြန်လည်ရောင်းချ

Share this post

နေပြည်တော်၊ ဇွန် ၂၉

 

ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းစသည့် ဆန်အိတ်အသေး (Consumer Pack) များကို ဇွန် ၂၇ ရက်နေ့မှစပြီး ပြန်လည်ရောင်းချနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

 

ဈေးအရောင်းအဝယ် စင်တာများတွင် လွန်ခဲ့သော ရက်ပိုင်းက ခေတ္တအရောင်းဆိုင်းငံ့ထားခဲ့သည့် ဆန်အိတ် အသေး (Consumer Pack) များကို ယခုအခါ ပြန်လည်ရောင်းချပေးနေခြင်းဖြစ်သည်။

 

နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံးဆန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးနှင့် သင့်တင့်မျှတသော ဈေးနှုန်း များဖြင့် ရောင်းချရေး အစီအမံများနှင့်အညီ ဈေးနှုန်းများကို ပြန်လည်သတ်မှတ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

 

သင့်တင့်မျှတသော ရည်ညွှန်း ဈေးများဖြစ်သည့် ရွှေဘိုပေါ်ဆန်း တစ်ကီလိုလျှင် ငွေကျပ် ၃၅၀၀ မှ ၃၈၀၀ အတွင်း၊ ဧရာဝတီ ပေါ်ဆန်းတစ်ကီလိုလျှင် ငွေကျပ် ၃၀၀၀ မှ ၃၃၀၀ အတွင်း၊ ရက် ၉၀/ အထူးဧည့်မထများ ဖြစ်ပါက တစ်ကီလိုလျှင် ငွေကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်း ရည်ညွှန်းဈေးများကို  ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post