ဉာဏ်ရည်တုစစ်ပွဲတွင် အမေရိကန်သည် တရုတ်ကို ရှုံးနိမ့်နေပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ software အကြီးအကဲဟောင်းပြော

PUBLISHED - October 11, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁ (People Media)
တရုတ်နိုင်ငံသည် ဆိုင်ဘာစွမ်းရည်များခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွင် ခေတ်ရှေ့ပြေးနေပြီဖြစ်သည့်အတွက် အမေ ရိကန်ပြည်ထောင်စုအနေဖြင့် ဉာဏ်ရည်တုစစ်ပွဲ (AI battle) တွင် ကမ္ဘာကိုလွှမ်းမိုးထားသည့် တရုတ်နိုင်ငံကို ရှုံးနိမ့်နေပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ software အကြီးအကဲဟောင်းက Financial Times ကို ပြော ကြားလိုက်သည်။
ကမ္ဘာ့ဒုတိယစီးပွားရေးအတောင့်တင်းဆုံးတရုတ်နိုင်ငံသည် ဆယ်စုနှစ်တစ်ခုအတွင်း နည်းပညာပိုင်းများ အထူး သဖြင့် ဉာဏ်ရည်တုနည်းပညာ၊ ဇီဝဗေဒနှင့်မျိုးရိုးဗီဇအတုနည်းပညာများတွင် လွှမ်းမိုးကြီးစိုးထားပြီဖြစ်ကြောင်း အနောက်တိုင်းထောက်လှမ်းရေးအဖွဲ့အစည်းများ၏ ဆန်းစစ်လေ့လာမှုအရသိရသည်။
ယင်းသို့တရုတ်နိုင်ငံ၏တိုးတက်မှုကို တုံ့ပြန်ရန်ပျက်ကွက်နေခြင်းမှာ အမေရိကန်ပြည်ထောင်စုကို အန္တရာယ် တွင်းသို့ ပို့ဆောင်နေကြောင်း ပင်တဂွန်စစ်ဌာနချုပ်ဆော့ဖ်ဝဲဌာနအကြီးအကဲဟောင်း နစ်ကလပ်စ်ချိုင်းလန်က ပြောသည်။ နစ်ကလပ်စ်ချိုင်းလန်သည် အမေရိကန်တပ်မတော်တွင် နည်းပညာပြုပြင်ပြောင်းလဲရေး ခြေလှမ်း နှေးကွေးမှုကို ကန့်ကွက်ပြောဆိုပြီး အလုပ်မှနုတ်ထွက်ခဲ့သူဖြစ်သည်။
“လွန်ခဲ့တဲ့ ၁၅ နှစ်ကနေ အနှစ် ၂၀ အတွင်း တရုတ်နဲ့အပြိုင်တိုက်ခိုက်မှုတွေ ဘာမှမလုပ်ခဲ့ဘူး။ အခုလက်ရှိ အ ချိန်မှာ ပြိုင်ပွဲကပြီးသွားပြီဗျ။ ကျွန်တော်တွေးမိသမျှပြောရရင် ပြိုင်ပွဲက ပြီးသွားပြီ။” ဟု ၎င်းကပြောသည်။
“စစ်ပွဲကို ရွေးချယ်မှာလား မရွေးချယ်ဘူးလားဆိုတာက ပုံပြင်ဆန်တဲ့အမျိုးအစားဖြစ်ပါတယ်။” ဟု ၎င်းကပြော သည်။ တရုတ်နိုင်ငံသည် မီဒီယာများမှသည် ပထဝီနိုင်ငံရေးအထိ အစစအရာရာ ထိန်းချုပ်ထားပြီး ကမ္ဘာကြီး၏ အနာဂတ်ကို လွှမ်းမိုးကြီးစိုးထားပြီဖြစ်ကြောင်း ၎င်းကပြောသည်။
အမေရိကန် အစိုးရဝန်ကြီးဌာန အချို့ရှိ အမေရိကန်ဆိုင်ဘာကာကွယ်ရေးမှာ သူငယ်တန်းအဆင့်တွင်သာရှိ ကြောင်း ၎င်းကပြောသည်။
ဉာဏ်ရည်တု နည်းပညာနှင့်ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဉာဏ်ရည်တုနည်းပညာကျင့်ဝတ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံရန် ချီတုံချတုံဖြစ်နေ သော ဂူးဂဲလ် (Google) ကို ချိုင်းလန်ကပြစ်တင်ဝေဖန်လိုက်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဂူးဂဲလ်ကုမ္ပဏီမှ မည်သည့်ထင်မြင်ယူဆချက်ကိုမှ ပြောဆိုခြင်းမရှိသေးပေ။
တရုတ်ကုမ္ပဏီများသည် ၎င်းတို့အစိုးရနှင့် မဖြစ်မနေပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျင့်ဝတ်ကို ဂရုမစိုက်ဘဲ ဉာဏ်ရည်တုနည်းပညာနယ်ပယ်တွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ချိုင်းလန်ကပြောသည်။
Ref: United States has lost AI battle to China, Pentagon’s ex-software chief says
#PeopleMedia
(unicode)
……………………………………………………………………….
Ref: United States has lost AI battle to China, Pentagon’s ex-software chief says
#PeopleMedia