• Follow Us on
Latest News

Home ညကြည့်မှန်ပြောင်းပါ တိုက်ခိုက်ရေးဒရုန်း ယူကရိန်းထုတ်ဖော်ပြသ

ညကြည့်မှန်ပြောင်းပါ တိုက်ခိုက်ရေးဒရုန်း ယူကရိန်းထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၉

 

ညကြည့်မှန်ပြောင်းတပ်ဆင်ထားတဲ့ အီလက်ထရောနစ်မဂ္ဂနစ်တိုက် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို ယူကရိန်း နည်းပညာကုမ္ပဏီ Skylab UA က ထုတ်ဖော်ပြသလိုက်ပါတယ်။ Shoolika Mk6 ခေါ် တိုက်ခိုက်ရေးဒရုန်းဟာ ညဘက်စစ်ဆင်ရေးတွေမှာတောင် ပစ်မှတ်ကို တိကျစွာတိုက်ခိုက် ချေမှုန်းနိုင်စွမ်းရှိကြောင်း ယူကရိန်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး မီခိုင်လိုဖက်ဒရော့ဗ်က ပြောပါတယ်။

 

“ကာကွယ်ရေးတပ်ဖွဲ့တွေက Shoolika mk6 ဒရုန်းကို စမ်းသပ်ခဲ့ပြီး ဘယ်လိုတုံ့ပြန်သလဲဆိုတာတွေကို အစီရင် ခံပြီးပါပြီ။ ဒီဒရုန်းဟာ နည်းဗျူဟာမြောက်စစ်ဆင်ရေး အထူးသဖြင့် ညဘက်စစ်ဆင်ရေးအတွက် အရေးကြီးတဲ့ ဒရုန်းပါ။” လို့ ဖက်ဒရော့ဗ်က ပြောပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတွေအသုံးပြုလို့ရအောင် လက်ရှိအချိန်မှာ စီစဉ်နေတဲ့ အဲဒီဒရုန်းတွေကို နည်းဗျူဟာမြောက် စစ်ဆင်ရေးတွေမှာ ပိုမိုထိရောက်စွာအသုံးပြုနိုင်အောင် IA နည်းပညာတွေနဲ့ ကင်မရာစွမ်းရည်တွေ အဆင့်မြှင့် တင်ဖို့အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

အလေးချိန် ၁၃ ပေါင် (၆ ကီလိုဂရမ်) အထိ သယ်ဆောင်နိုင်တဲ့ Shoolika mk6 တိုက်ခိုက်ရေးဒရုန်းဟာ အကွာ အဝေး ၆ မိုင် (၁၀ ကီလိုမီတာ) အထိ တစ်ဆက်တည်းပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲမှာ မိမိဘက်က အသေအပျောက်နည်းပါးပြီး ရန်သူကို တန်ပြန်ချေ မှုန်းနိုင်ဖို့အတွက် ယူကရိန်းတပ်တွေဟာ ဒရုန်းတွေကို အားထားပြီး တိုက်ခိုက်ခဲ့ပါတယ်။

 

ယူကရိန်းတပ်မတော်အနေနဲ့ သီးခြားဒရုန်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ မကြာသေးခင်ကပဲ ယူကရိန်း သမ္မတဗလာဒီမာဇီလန်စကီးက ညွှန်ကြားခဲ့ပါတယ်။

 

ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ တာဝေးပျံ ဆူပါဆောနစ် ဗုံးကြဲလေယာဉ်တစ်စင်းနဲ့ ဆီသယ်သင်္ဘောတစ်စင်းအပါ အဝင် ရုရှားစစ်လက်နက်ပစ္စည်းတချို့ကို ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။

 

Ref: Ukraine Reveals New EW-Resistant, Night Vision Combat Drone

 

#PeopleMedia


Share this post