• Follow Us on
Latest News

Home ညစာစားပွဲပစ်ခတ်မှုမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သိလျက်နဲ့အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင် ၁၄ ဦး အမှုရင်ဆိုင်နေရ

ညစာစားပွဲပစ်ခတ်မှုမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သိလျက်နဲ့အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ ဝင် ၁၄ ဦး အမှုရင်ဆိုင်နေရ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈

 

ထိုင်းနိုင်ငံ နခုန်ပထုမ်ပြည်နယ်က ပါတီပွဲတစ်ပွဲမှာ စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရဲရာရှိတစ်ဦးအ သတ်ခံရတဲ့အမှုမှာ သိလျက်နဲ့ တာဝန်ပျက်ကွက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး အမှုရင်ဆိုင်နေရကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

အဲဒီပါတီပွဲမှာ သေနတ်နဲ့အပစ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်ရဲအရာရှိနှစ်ဦးကို ဝင်ရောက်ကူညီဖို့ ပျက်ကွက်ခဲ့တဲ့အ တွက် အဲဒီရဲတပ်ဖွဲ့ဝင် ၁၄ ဦးဟာ တာဝန်ပျက်ကွက်မှုနဲ့ ရင်ဆိုင်နေရကြောင်း ရဲတပ်ဖွ့ဲဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ဆူရာချတ်ဟက်ပန်းက တနင်္ဂနွေနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) က ပြောပါတယ်။

 

အဲဒီရဲတပ်ဖွဲ့ဝင်အားလုံးကို အသက် ၃၅ နှစ်အရွယ်ရှိတဲ့ “ကမ်နန်နော့” လို့ လူသိများတဲ့ ပရာဝီး ချန်ခလိုင်ရဲ့ နေ အိမ်မှာ ဧည့်ခံခဲ့တာဖြစ်ပါတယ်။

 

ပါတီပွဲကျင်းပနေစဉ်အတွင်း အမြန်လမ်းရဲအရာရှိ ရဲမှူးဆီဝါခွန်ဆိုင်ဘူဝါ သေနတ်နဲ့ သုံးလေးချက် အပစ်ခံခဲ့ရ တာဖြစ်ပြီး ရဲဒုတိယဗိုလ်မှူးကြီး ဝါဆင်ပန်ပီးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။

 

ရဲအရာရှိနှစ်ဦးစလုံးဟာ အမြန်လမ်းရဲတပ်ဖွဲ့ အမှတ် ၂ တိုင်းခွဲဌာနချုပ်မှာ တွဲဖက်တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် တွေဖြစ်ပါတယ်။

 

သိလျက်နဲ့တာဝန်ပျက်ကွက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးမှာ ရဲစခန်းမှူးတွေ၊ ဒုတိယအကြီးအကဲတွေနဲ့ အခြားအဆင့်ရဲတပ်ဖွဲ့ဝင် ပြန်တမ်းဝင်မဟုတ်တဲ့ရဲအရာရှိ ၇ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

 

ကနဦးသတင်းတွေအရ ပရာဝီးက ၎င်းရဲ့တူကို ရာထူးတိုးမြှင့်ပေးဖို့ ရဲမှူးဆီဝါခွန်ဆိုင်ဘူဝါကို တောင်းဆိုခဲ့ရာမှာ ရဲမှူုးဆီဝါခွန်က ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီအချိန်မှာ ပရာဝီးဘေးနားမှာရောက်နေတဲ့ ပရာဝီးရဲ့တပည့်တစ်ဦးက ရဲမှူုးဆီဝါခွန်ကို သေနတ်နဲ့ သုံးလေး ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီမွေးနေ့ပါတီပွဲမှာ ရဲတပ်ဖွဲ့ဝင် ၃၀ လောက် တက်ရောက်နေပေမဲ့ အစောပိုင်းမှာ ပရာဝီးနဲ့ သေနတ်သမားတ ပည့်ဖြစ်သူတို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

 

ပရာဝီးရဲ့တပည့်သေနတ်သမားကတော့ လိုက်လံဖမ်းဆီးတဲ့ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ရင်း သေနတ်ထိမှန် ပြီး သေဆုံးသွားခဲ့ပေမဲ့ ပရာဝီးကတော့ ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံလိုက်ပါတယ်။ လက်ရှိအချိန်မှာ ပရာဝီးရဲ့လုပ် ငန်းတွေအားလုံး စစ်ဆေးခံနေရပါတယ်။

 

ပရာဝီးအိမ်မှာရှိတဲ့ CCTV သက်သေအထောက်အထားစစ်ဆေးချက်တွေအရ အဲဒီပါတီပွဲကိုရောက်နေသူတွေ အများအပြားဟာ လိမ်လည်ထွက်ဆိုခဲ့ကြတယ်လို့ အစောပိုင်းက ရဲချုပ်ဆူရာချတ်ဟက်ပန်းက ပြောပါတယ်။

 

ပြစ်မှုဆိုင်ရာအရာရှိတစ်ဦးကိုလည်း CCTV သက်သေအထောက်အထားတွေ ရေထဲနှစ် ဖျက်ဆီးခဲ့တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

 

Ref: 14 policemen face charges for failing to help protect comrades in dinner party tragedy

 

#PeopleMedia


Share this post