ညစ္ပတ္ေနတဲ့ေငြစကၠဴေတြကေနလည္း ကို႐ိုနာဗိုင္းရပ္စ္ျပန္႔ႏွံ႔ႏိုင္ေခ်႐ွိေၾကာင္း W.H.O သတိေပး

PUBLISHED - March 3, 2020
ဂ်ီနီဗာ၊ မတ္ – ၃
ေငြသားစကၠဴေတြကေန ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏိုင္လို႔ လူေတြအေနနဲ႔ ထိေတြ႕ရျခင္းမ႐ွိတဲ့ေငြေပးေခ်မႈစနစ္ ေတြကို အသံုးျပဳသင့္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (W.H.O)က သတိေပးပါတယ္။ COVID-19 ဟာ ေငြသားေတြေပၚမွာ ရက္ေတာ္ေတာ္ၾကာၾကာတြယ္ၿငိေနႏိုင္လို႔ ထိၿပီးသြားရင္ အသံုးျပဳသူေတြအေနနဲ႔ လက္ ေဆးသင့္တယ္လို႔ W.H.O က တနလၤာေန႔ညပိုင္းမွာသတိေပးခဲ့တာပါ။
ဗိုင္းရပ္စ္ျပန္႔ပြားမႈကို တားဆီးႏိုင္ေအာင္ လူေတြအေနနဲ႔ ျဖစ္ႏိုင္တဲ့ေနရာတိုင္းမွာ ထိေတြ႕ဆက္ဆံရမႈမ႐ွိတဲ့ နည္းလမ္းေတြကို အသံုးျပဳသင့္တယ္လို႔ေျပာခြင့္ရသူတစ္ေယာက္ကေျပာပါတယ္။ ေငြသားေတြဟာ ဘက္ တီးရီးယားေတြ၊ ဗိုင္းရပ္စ္ေတြသယ္ေဆာင္ႏိုင္တယ္လို႔ တနဂၤေႏြေန႔ညပိုင္းမွာ အဂၤလန္ဗဟိုဘဏ္ကအသိေပး ၿပီး လက္ပံုမွန္ေဆးဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။
ၿပီးခဲ့တဲ့လမွာ တ႐ုတ္နဲ႔ကိုရီးယားတို႔က အသံုးျပဳၿပီးသား ေငြစကၠဴေတြကို ေရာဂါကူးစက္မႈမ႐ွိေအာင္လုပ္ဖို႔နဲ႔ သီး သန္႔ထားဖို႔လုပ္ခဲ့ၿပီးတဲ့ေနာက္ အခုလိုထုတ္ျပန္တာပါ။ အရာ႐ွိေတြက ခရမ္းလြန္ေရာင္ျခည္ေတြ၊ ျမင့္မားတဲ့အပူ ခ်ိန္ေတြသံုးၿပီး ေငြစကၠဴေတြကို ပိုးသတ္ေနၾကတာပါ။ ပိုးသတ္ၿပီးတဲ့ပိုက္ဆံေတြကို ၁၄ ရက္သီးသန္႔ထားၿပီးမွ ေစ်းကြက္ထဲျပန္ထုတ္ေပးပါတယ္။ အခုလအေစာပိုင္းမွာ Hospital Infection ဂ်ာနယ္က ေဖာ္ျပခဲ့တဲ့ ဆားစ္နဲ႔ မားစ္ေရာဂါအပါအ၀င္ ကို႐ိုနာဗိုင္းရပ္စ္ ၂၂ မ်ိဳးကို အေစာပိုင္းက ေလ့လာထားတဲ့ဆန္းစစ္ခ်က္အရ လူေတြကို ကူးစက္တဲ့ကို႐ိုနာဗိုင္းရပ္စ္ေတြဟာ အခန္းအပူခ်ိန္မွာ ၉ ရက္ၾကာေနႏိုင္ၿပီး ကူးစက္ႏိုင္တယ္လို႔ သိရပါတယ္။
Ref: Dirty banknotes may be spreading the coronavirus, World Health Organisation warns
#PeopleMedia #Banknotes #Cash #CoronaVirus #COVID19
(Unicode)
ညစ်ပတ်နေတဲ့ငွေစက္ကူတွေကနေလည်း ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့နိုင်ချေရှိကြောင်း W.H.O သတိပေး
………………………………………………………
ဂျီနီဗာ၊ မတ် – ၃
ငွေသားစက္ကူတွေကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်လို့ လူတွေအနေနဲ့ ထိတွေ့ရခြင်းမရှိတဲ့ငွေပေးချေမှုစနစ် တွေကို အသုံးပြုသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)က သတိပေးပါတယ်။ COVID-19 ဟာ ငွေသားတွေပေါ်မှာ ရက်တော်တော်ကြာကြာတွယ်ငြိနေနိုင်လို့ ထိပြီးသွားရင် အသုံးပြုသူတွေအနေနဲ့ လက် ဆေးသင့်တယ်လို့ W.H.O က တနင်္လာနေ့ညပိုင်းမှာသတိပေးခဲ့တာပါ။
ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးနိုင်အောင် လူတွေအနေနဲ့ ဖြစ်နိုင်တဲ့နေရာတိုင်းမှာ ထိတွေ့ဆက်ဆံရမှုမရှိတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်တယ်လို့ပြောခွင့်ရသူတစ်ယောက်ကပြောပါတယ်။ ငွေသားတွေဟာ ဘက် တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေသယ်ဆောင်နိုင်တယ်လို့ တနင်္ဂနွေနေ့ညပိုင်းမှာ အင်္ဂလန်ဗဟိုဘဏ်ကအသိပေး ပြီး လက်ပုံမှန်ဆေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လမှာ တရုတ်နဲ့ကိုရီးယားတို့က အသုံးပြုပြီးသား ငွေစက္ကူတွေကို ရောဂါကူးစက်မှုမရှိအောင်လုပ်ဖို့နဲ့ သီး သန့်ထားဖို့လုပ်ခဲ့ပြီးတဲ့နောက် အခုလိုထုတ်ပြန်တာပါ။ အရာရှိတွေက ခရမ်းလွန်ရောင်ခြည်တွေ၊ မြင့်မားတဲ့အပူ ချိန်တွေသုံးပြီး ငွေစက္ကူတွေကို ပိုးသတ်နေကြတာပါ။ ပိုးသတ်ပြီးတဲ့ပိုက်ဆံတွေကို ၁၄ ရက်သီးသန့်ထားပြီးမှ ဈေးကွက်ထဲပြန်ထုတ်ပေးပါတယ်။ အခုလအစောပိုင်းမှာ Hospital Infection ဂျာနယ်က ဖော်ပြခဲ့တဲ့ ဆားစ်နဲ့ မားစ်ရောဂါအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ၂၂ မျိုးကို အစောပိုင်းက လေ့လာထားတဲ့ဆန်းစစ်ချက်အရ လူတွေကို ကူးစက်တဲ့ကိုရိုနာဗိုင်းရပ်စ်တွေဟာ အခန်းအပူချိန်မှာ ၉ ရက်ကြာနေနိုင်ပြီး ကူးစက်နိုင်တယ်လို့ သိရပါတယ်။
Ref: Dirty banknotes may be spreading the coronavirus, World Health Organisation warns
#PeopleMedia #Banknotes #Cash #CoronaVi