ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့ကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု
PUBLISHED - November 8, 2023
နေပြည်တော်၊ နိုဝင်ဘာ ၈
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (United Nationalities Democracy Party) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျောက်မြောင်း မနောဟရလမ်း ပထမထပ် အမှတ်(၈)တွင် ပါတီရုံး ချုပ်ဖွင့်လှစ်ထားရှိသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (United Nationalities Democracy Party)ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (United Nationalities Democracy Party) ၏ မှတ်ပုံတင်အမှတ်မှာ (၃၈) ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဘုရားကြီးဘုရားအနီး ဆည်မြောင်းတိုးချဲ့ရပ်ကွက် သရဖီလမ်း အိမ်အမှတ် (၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ လ ၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာ လိုက်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၃၉) ဖြစ်ကြောင်း သိရသည်။
#PeopleMedia