ညောင်ရွှေမြို့နယ်တွင် Canter ယာဉ်ပေါ်မှ အကြမ်းဖက်သမားများထံပို့ဆောင်မည့်ပစ္စည်းကိရိယာများ သိမ်းဆည်းရမိ

PUBLISHED - May 20, 2024
နေပြည်တော်၊ မေ ၂၀
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မေလ ၁၉ ရက်နေ့ ညပိုင်းအချိန်က Canter ယာဉ်ပေါ်မှ အကြမ်းဖက်သမားများထံ ပို့ဆောင်မည့် ပစ္စည်းကိရိယာများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညောင်ရွှေမြိုနယ် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Canter (အဖြူရောင်) ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Icom(၂)လုံး၊ phone (၁၀)လုံး၊ စားပွဲတင်နာရီ (၁၂)လုံး၊ Jump Starer (၁)ခု၊ Wireikes Charging (၁)ခု၊ Power Supply (၁)ခု၊ ASUS Sonicmaster လက်တော့ (၁)လုံး၊ ပြောက်ကျားအင်္ကျီ(၃၀) ထည်၊ ညအချက်ပြမီး (၁)လက်၊ ဝရိန် ဆော်ရာသုံး မျက်လုံးကာဦးထုပ် (၁)လုံး၊ G4 Free ယာယီ တဲ(၁)လုံး၊ ကပ်ခွာတံဆိပ်ရောရာပါ(၇)ခု၊ သံသေတ္တာ(၄)လုံး၊ ပြောက်ကျားဦးထုပ် (၃)လုံး စသည့်ပစ္စည်းများ တင်ဆောင် လာသည်ကို တွေ့ရှိရသဖြင့် အကြမ်းဖက်ထောက်ပို (၂)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ၂ဦး၏ ထွက်ဆိုချက်အရ အဆိုပါ ထောက်ပို့ပစ္စည်းများကို ညောင်ရွှေမြိုနယ်၊ မှော်ဘီကျေးရွာမှ သယ်ဆောင်လာကြောင်း သိရသဖြင့် ၎င်းနေအိမ်သို ပူးပေါင်းအဖွဲဖြင့် သွားရောက်ရှာဖွေခဲ့ရာ အကြမ်းဖက် ထောက်ပိုတစ်ဉီးနှင့်အတူ လျှာထိုးဦးထုပ်မျိုးစုံ (၄၅)လုံး၊ ဦးထုပ်အဝိုင်းမျိုးစုံ (၁၃)လုံး၊ ဘေးလွယ်အိတ် (အလတ်) (၂၆)လုံး၊ မိုးကာတဲ(၈)ခု၊ လက် အိတ်မျိုးစုံ (၈)ခု၊ ပြောက်ကျားအင်္ကျီမျိုးစုံ (၁၀၄)ထည်၊ Icom (AIGRRUI) (၂)လုံး၊ Keypad ဖုန်း(၃)လုံးအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#PeopleMedia