ညောင်လေးပင်မြို့တွင် KNLA (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - September 30, 2023
နေပြည်တော်၊ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊ ပုဇွန်မြောင်ကျေးရွာတွင် KNLA (၂) လောင်းနှင့် အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
စက်တင်ဘာ ၂၉ ရက်နေ့တွင် ပုဇွန်မြောင်ကျေးရွာရှိ ပြည်သူများဆီမှ ဆက်ကြေးကောက်နေသည့် KNLA များကို လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုကြောင့် KNLA အလောင်း (၂) လောင်း၊ ၎င်းတို့ကိုင်ဆောင်သည့် သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ စကားပြောစက် ၂ လုံးတို့ရရှိပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia