ညောင်လေးပင်မြို့တွင် KNLA/PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ

PUBLISHED - January 16, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊ ညောင်လေးပင်-မဒေါက်ကားလမ်းမပေါ်တွင် သုံးဘီးဆိုင်ကယ်ကို KNLA/PDF များမှ သေနတ်ဖြင့်ပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွား ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ ရက် နံနက်ခင်းအချိန်တွင် အင်ဝိုင်းကျေးရွာနှင့်ပုဇွန်မြောင်းကျေးရွာအကြား၊ ညောင်လေးပင်-မဒေါက်ကားလမ်းမပေါ်တွင် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကို KNLA/PDF များမှ ထိုသုံးဘီးဆိုင်ကယ် ကို ပစ်ခတ်ရာ ထိုယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် (၃) ဦးအနက် (၁) ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိကြောင်း သိရသည်။
ထိုဒဏ်ရာအပြင်းအထန်ရရှိသည့် ဒေါ်နီနီအေးမှာ ဝမ်းဗိုက်၊ နောက်ကျော၊ ပေါင်တို့တွင် ကျည်ဖောက်ဝင်သော ကြောင့် စိုးရိမ်ရကြောင်း သိရသည်။
Photo – Credit
#PeopleMedia