• Follow Us on

Home ညောင်လေးပင်မြို့နယ်တွင် KNU/PDF များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ကြောင့် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ညောင်လေးပင်မြို့နယ်တွင် KNU/PDF များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ကြောင့် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၇

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဘူတာစုကျေးရွာသို့ KNU/PDF များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ ဘူတာစုကျေးရွာသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလား သူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါကျေးရွာနေ ဒေါ်ရွှေအိ(ခ) သက်သက်မာ (၃၅)နှစ်နှင့် ၎င်း၏တူမဖြစ်သူ မဖူးပွင့်ဝေ(၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဒဏ်ရာရရှိသူ ဒေါ်ရွှေအိ(ခ)သက်သက်မာနှင့် ဖူးပွင့်ဝေတို့ကို ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တိုက်နယ် ဆေးရုံ၌ ဆေးကုသမှု ပေးထားကြောင်း သိရသည်။

 

#PeopleMedia


Share this post