• Follow Us on

Home ညောင်ဦးနှင့် ကျောက်ဆည်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ညောင်ဦးနှင့် ကျောက်ဆည်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဆယ်အိမ်မှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာနေ ကျေးရွာအုပ်ချုပ် ရေးမှူဖြစ်သူ ဦးလှမြင့်ဦး(၅၄)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အုန်းပွင့်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားရှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးလှမြင့်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်အုန်းပွင့်တွင် ဒဏ်ရာရရှိ ခြင်း မရှိကြောင်း သိရသည်။

 

အလားတူ ည ၇ နာရီခွဲတွင် ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်းကျေးရွာနေ ဆယ်အိမ်မှူးဖြစ်သူ ဦးဖား (၆၀)နှစ်သည် ၎င်း၏ နေအိမ်မှ ကျေးရွာအပြင်ဘက်ရှိ လယ်တောသို့ နွားကျောင်းရန် ထွက်ခွာလာစဉ် လယ်တောအနီး အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ် သွားခဲ့သဖြင့် ဦးဖားတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post