ညောင်ဦးမြို့တွင် အမျိုးသားတစ်ဦး ယာခင်းထဲ၌ ရှိနေစဉ် စစ်သွေးကြွများမှ သေနတ်ဖြင့်ပစ်ခတ်
PUBLISHED - December 14, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ တောပြားကျေးရွာ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ ယာခင်း၌ရှိနေသည့် အမျိုးသားတစ်ဦးကို စစ်သွေးကြွများမှ သေနတ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၃ ရက် နေ့လည် ၂ နာရီခန့်တွင် ဇနီးမောင်နှံနှစ်ဦးရှိသည့် ယာခင်းထဲသို့ စစ်သွေးကြွများမှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ထိုအမျိုးသားဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများရောက်ရှိလာပြီး သတ်ဖြတ်ခံရသူ အသက် (၃၅) နှစ်အရွယ် ဦးဇေယျာမှာ ညာဘက်နားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျောဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး ထိုအခင်းနေရာ တွင် ၅.၅၆ ကျည်ခွံ ၁ ခု၊ ၇.၆၂ ကျည်ခွံ ၁ ခုတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia