• Follow Us on
Latest News

Home ညောင်ဦးမြို့တွင် Light Truck ယာဉ် (၁) စီး ရေကျော်ချောင်းအားဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါခဲ့ရာမှ အမျိုးသား (၂) ဦး သေဆုံး

ညောင်ဦးမြို့တွင် Light Truck ယာဉ် (၁) စီး ရေကျော်ချောင်းအားဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါခဲ့ရာမှ အမျိုးသား (၂) ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီး ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် Light Truck ယာဉ် (၁) စီး ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါခဲ့ရာမှ အမျိုးသား (၂) ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီး Light Truck ယာဉ် (၁) စီး ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါခဲ့ပြီး ကျား (၂) ဦး၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တောင် ဇင်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ချောင်းအတွင်းနစ်မြုပ်နေသော Light Truck ယာဉ်အား ပြန်လည်ဆယ်ယူနိုင်ရေးဆောင်ရွက်ခဲ့ပြီး ကျား (၂) ဦး(သေဆုံး)အား ညောင်ဦးမြို့ ဂရုဏာ ရှင် နာရေးအခမဲ့ကူညီမှုအသင်းယာဉ်ဖြင့် ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post