• Follow Us on

Home ညောင်ဦးမြို့နယ်တွင် ကျေးရွာ ရပ်မိရပ်ဖတစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ပြီး ပုဆိန်ဖြင့်ခုတ်

ညောင်ဦးမြို့နယ်တွင် ကျေးရွာ ရပ်မိရပ်ဖတစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ပြီး ပုဆိန်ဖြင့်ခုတ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာတွင် ကျေးရွာ ရပ်မိရပ်ဖတစ်ဦးကို PDF အဖွဲ့ ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ပြီး ပုဆိန်ဖြင့် ခုတ်ကာ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကို ယူဆောင်သွား ကြောင်း သိရသည်။

 

ဇန်နဝါရီလ (၂၆) ရက် နံနက် (၆) နာရီခန့်က လက်ထုတ်ကျေးရွာတွင် နေထိုင်သည့် ဦးသက်နိုင် အသက် (၄၆) နှစ်သည် ကျေးရွာထဲရှိ နာရေးအိမ်မှ ၎င်း၏ နေအိမ်သို့ပြန်လာရာ နေအိမ်သို့ အရောက်တွင် PDF အဖွဲ့ဝင် သုံးဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက်တွင် PDF အဖွဲ့ဝင်များသည် ဦးသက်နိုင်၏ နေအိမ်တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဦးသက်နိုင်၏ ဇနီး မမိုးဆွေအား မကြည့်ရန် ပြောဆိုပြီး ဦးသက်နိုင်အား သေနတ်ဖြင့် (၆)ချက် ပစ်ခတ်ခဲ့သဖြင့် ဦးသက်နိုင် လဲကျသွားစဉ် နေအိမ်ရှိ ထင်းခွဲသည့် ပုဆိန်ဖြင့် ဦးခေါင်းအား ထပ်မံခုတ်ခဲ့ကြောင်း သိရသည်။

 

၎င်းနောက်တွင် PDF အဖွဲ့ဝင်များသည် ဦးသက်နိုင်၏ နေအိမ်အတွင်းရှိ နံပါတ်မပါ အနက်ရောင် KENBO ဆိုင်ကယ် (၁)စီးနှင့် ဖုန်း (၁)လုံးတို့အား ယူဆောင်ကာ မာလာချောင်းဘက်သို့ ထွက်ပြေးသွားကြောင်း သိရှိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာကို စစ်ဆေးရာတွင် 380 Auto Thai Army စာတမ်းပါ ကျည်ခွံ ၁ခု၊ WIN LUGER စာတမ်းပါ ကျည်ခွံ ၃ ခု၊ USA. 380 စာတမ်းပါ ကျည်ခွံ ၁ ခု၊ အရိုး၊ အသွား ၂ ပေ ၇ လက်မခန့်ရှိ ထင်းခွဲသည့် ပုဆိန် ၁ လက်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post