• Follow Us on

Home ညောင်ဦးမြို့နယ်တွင် အပြစ်မဲ့ပြည်သူ (၃)ဦးကို စစ်သွေးကြွတွေ ပစ်ခတ်၊ (၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိ

ညောင်ဦးမြို့နယ်တွင် အပြစ်မဲ့ပြည်သူ (၃)ဦးကို စစ်သွေးကြွတွေ ပစ်ခတ်၊ (၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၇

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာတွင် အပြစ်မဲ့ပြည်သူ (၃)ဦးကို ဒလန်ဟု စွပ်စွဲကာ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ယနေ့ နိုဝင်ဘာလ (၇)ရက် နံနက်ပိုင်းက မြို့လှကျေးရွာတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူ (၃)ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြို့လှကျေးရွာတွင် နေထိုင်သည့် ဦးစိုးမင်းနှင့် ဦးကျော်ကျော်ဟန်တို့ (၂)ဦး သေဆုံးသွားပြီး ဦးနေအောင်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာသည် ပုဂံ-ချောက်လမ်းမပေါ်တွင် တည်ရှိပြီး ပုဂံမြို့သစ်အနီးတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။

 

#PeopleMedia


Share this post