• Follow Us on

Home ညောင်ဦးမြို့၌ ဘောလုံးပွဲလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသည့် တပ်မတော်ယာဉ်အား PDF အဖွဲ့ ဝင်များမှ မိုင်းခွဲတိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ

ညောင်ဦးမြို့၌ ဘောလုံးပွဲလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသည့် တပ်မတော်ယာဉ်အား PDF အဖွဲ့ ဝင်များမှ မိုင်းခွဲတိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အားကစားကွင်းအနီးတွင် ဘောလုံးပွဲလုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်အား PDF အဖွဲ့ဝင်များမှ Romote မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

စက်တင်ဘာလ (၄)ရက် ညနေ ၄ နာရီ ၁၅ မိနစ် အချိန်ခန့်က ညောင်ဦးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေ စည်းခုံဘုရားကားကွင်း ရဲစခန်း၏ အနောက်ဘက် ၅ဖာလုံ ခန့်အကွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ် ယာဉ်၏ယာဘက်ဘေး၌ PDF အဖွဲ့ဝင်များ ထောင်ထားသည့် Remote မိုင်းပေါက်ကွဲခဲ့ ကြောင်း သိရသည်။

 

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်ကြပ်အောင်စိုးမိုးတွင် ဝဲရင်ဘတ် ထိ မှန်ဒဏ်ရာ ၂ချက်၊ ဝမ်းဗိုက် ပွင့်ထွက်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)၊ တပ်သား သိန်းဇော်ဝင်းတွင် ယာပုခုံး ညှပ်ရိုး အောက် မိုင်းစထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊ တပ်သားဖြိုးဝေလင်းတွင် ဝဲဘက်ရင်အုံ မိုင်းစထိမှန် ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊ တောင်သာမြို့နယ်တွင်နေသည့် မသင်းမြတ်စိုး ၂၂ နှစ်တွင် ယာ-လက်ဖမိုး မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် TATA အမျိုးအစား မော်တော်ယာဉ်မှာ ယာဘက် ရှေ့/ နောက်တာယာကွဲ၊ ကားယာဘက်ခြမ်း နောက်ကြည့်မှန်ကွဲ၊ ကားရှေ့တံခါး စပန်နာစများထိမှန်၊ ကားမိုးကာ စုတ်ပြဲ၊ ကားယာဘက်ခြမ်း နောက်မီးခွက်များကွဲ၊ ယာဘက်ခြမ်း ကားဘော်ဒီ မိုင်းစထိမှန် ပေါက်ပြဲချိုင့်ဝင်များ ဖြင့် ပျက်စီးခဲ့ကြောင်း သိရသည်။

 

၎င်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး တပ်ကြပ် အောင်စိုးမိုးမှာ ညနေ ၄နာရီခွဲ အချိန်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ် ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်အထိ ညနေ ၄ နာရီမှ ၆ နာရီ အချိန်အတွင်း ကျေးရွာ ၁၄ရွာမှ ဘောလုံးအသင်းများ ပါဝင်ကာ နေ့စဉ် ကျင်းပလျက်ရှိသည့် ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအတွက် ကင်းလှည့်ဆောင်ရွက်ပေးနေစဉ် ထိုသို့ မိုင်းခွဲခံရခြင်းဖြစ်သည်။

 

#PeopleMedia


Share this post